Thursday, November 24, 2016

ကိုရီးယားမှာ လူကြိုက်နည်းလာပေမယ့် နိုင်ငံခြားမှာ ပေါ်ပြူလာဖြစ်နေတဲ့ ရိန်း

ကေပေါ့ပ်ကြယ်ပွင့် ရိန်း သည် ကိုရီးယားတွင် လူကြိုက်  နည်းလာသော်လည်း နိုင်ငံခြား တွင်မူ လူကြိုက်များနေဆဲ ဖြစ် သည်။ အဆိုတော် သရုပ်ဆောင် ရိန်းကို ကိုရီးယားတွင် လူကြိုက် နည်းလာသည်မှာ သိသာထင်ရှား သည်။ ၂၀၁၄ က ၎င်း၏ Rain Effect သီချင်းခွေမှာ လုံးဝ မအောင်မြင်ခဲ့ပေ။ အယ်လ်ဘမ် ခေါင်းစီးသီချင်းများဖြစ်သော 30 Sexy နှင့် La Song တို့မှာ ကိုရီး ယား၌ လူကြိုက်အများဆုံး သီ ချင်းများ နံပါတ် (၁၀) အတွင်းပင် မ၀င်ခဲ့ပေ။ ရိန်း (၃၄) နှစ်၏ ဒရာမာ ဇာတ်လမ်းများမှာလည်း ကိုရီး ယားပရိသတ် လက်ခံမှု နည်းလာ ခဲ့သည်။ ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်သော My Lovely Grils (2014) နှင့် Come Back Alive (2016) တို့အား ကိုရီးယားတွင် ကြည့်ရှုအားပေးသူ နည်းပါးခဲ့ သည်။



သို့သော် အနုပညာလုပ်ငန်း များ အဆုံးမသတ်သေးပေ။ ကိုရီး ယားနိုင်ငံတွင် လူငယ်၊ မျက်နှာ သစ်များကြား တိမ်မြုပ်လာသော ရိန်းသည် အာရှအခြားဒေသများ၊ အထူးသဖြင့် တရုတ်နှင့် ဟောင် ကောင်တို့တွင် အရှိန်ကောင်းနေ ဆဲဖြစ်သည်။

ဇူလိုင်လက ဂုဏ်သိက္ခာကြီး မားသော တရုတ်ဂီတဆုပေးပွဲ အ ခမ်းအနားဖြစ်သော MTV Asia Music Gala 2016 ပွဲတော်တွင် ရိန်းသည် အကောင်းဆုံး နိုင်ငံရပ် ခြားအနုပညာရှင်ဆုကို သိမ်းပိုက် ခဲ့သည်။

၎င်းလျှမ်းလျှမ်းတောက်ခဲ့ သည့် ၂၀၀၆၊ ၂၀၀၇ နှင့် ၂၀၁၁ တို့တွင် တိုင်းမ်စ်မဂ္ဂဇင်း၏ ကမ္ဘာ့ သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် များစာရင်း ထိပ်ဆုံးရောက်ခဲ့ သော ရိန်းသည် လက်ရှိတွင် တရုတ်နိုင်ငံ၌ ဂီတဖျော်ဖြေပွဲ ခရီး စဉ်တစ်ရပ်အတွက် အလုပ်ရှုပ် နေပြီး ဟောင်ကောင်နှင့် ရှန်ဟိုင်း၊ ဂွမ်ဇူ၊ ၀ူဟန်အပါအ၀င် တရုတ် မြို့ကြီးပေါင်း များစွာတွင် ရုံပြည့် ရုံလျှံ အားပေးမှု ရရှိနေသည်။

ဒီဇင်ဘာတွင် စင်ကာပူ Resort World Sentosa ၌ ဖျော် ဖြေမည်ဖြစ်သည်။

‘‘ဒီဂီတခရီးစဉ်အတွက် ကျွန် တော်တို့အဖွဲ့က ထုတ်လုပ်ရေး ပိုင်း၊ စင်ဒီဇိုင်းတွေနဲ့ ပတ်သက် လို့ အရမ်းကို ကြိုးစားအားထုတ် ထားပါတယ်။ မိုးတွေ ရွာသွန်းမှာ ဖြစ်သလို တခြားလေဆာအထူး လုပ်ဆောင်မှုတွေကို တွေ့မြင်ရ မှာပါ’’ ဟု Tencent ဗီဒီယိုဆိုက် နှင့် မကြာမီက ပြုလုပ်သော တွေ့ ဆုံမှုတွင် ရိန်းက ပြောကြားထား သည်။

No comments:

Post a Comment