Wednesday, November 30, 2016

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ရွေးကောက် တင်မြှောက် ခံရမှု မှာအတည်ဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင် ခုံရုံးမှအမိန့်ချ

ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်း ၏ရွေးကောက် တင်မြှောက်ခံရ မှုမှာ အတည်ဖြစ်ကြောင်း ရွေး ကောက် ပွဲကော်မရှင်ခုံရုံးမှ အမိန့်ချ မှတ်လိုက်သည်။ေ ရွးကောက်ပွဲအကြိုကာလမဲ ဆွယ်စည်းရုံးရေးဟောပြော ရာတွင် ပြည်ခိုင်ဖြိုး ပါတီကိုထိခိုက်စေမှုအပါအ၀င် အချက်ပေါင်း ၂၀ ကျော်ဖြင့် ဦးဖြိုးမင်းသိန်း အပါ အ၀င် လှည်းကူး မြို့နယ်မှ အနိုင်ရအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုယ် စားလှယ် သုံးဦး အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီကိုယ်စား လှယ်လောင်း သုံးဦးက ကန့်ကွက်သည့်အမှုသုံးမှု အား နိုဝင်ဘာ ၂၈ ရက်တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး၌စစ်ဆေး ခဲ့ပြီး ရွေးကောက် ပွဲခုံ ရုံးအမှတ်(၃)မှ ဆုံးဖြတ်ချက်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ် သည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ သည့်ကိုယ်စား လှယ်လောင်းဒေါက် တာအောင်မြတ် သူကလည်းကောင်း၊ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းတန် အား ပြည်ခိုင်ဖြိုးပါတီ မှဝင်ရောက်ယှဉ်ပြိုင် သည့် လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင် စိုးက လည်းကောင်း ၊ မဲဆန္ဒနယ် အ မှတ်(၁)တွင်အနိုင်ရခဲ့သည့် ဒေါ်မြတ် မာလာထွန်းအား ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးနိုင် ၀င်းကလည်းကောင်း ကန့်ကွက်လွှာ များတင်သွင်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှခုံရုံးတာဝန်ရှိသူ ညွှန် ကြားရေးမှူး ဦးညွန့်တင်က " မူလအ နိုင်ရပြီးသားသူတွေကို အနိုင်ပေး ကြောင်း ခုံရုံးကဆုံးဖြတ်လိုက်တယ်။ ဦးဖြိုးမင်းသိန်းနိုင်တယ်။ လှည်းကူးက သုံးမှုစလုံး အမိန့် ချမှတ် ရာမှာ မူလ အနိုင်ရပြီးသားသူတွေနိုင်ကြောင်း ခုံရုံးကဆုံးဖြတ်တယ် " ဟု နိုဝင်ဘာ ၂၉ ရက်တွင် ဒီမိုကရေစီတူဒေး သို့ ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ခုံရုံး ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကျေ နပ်မှုမရှိပါက ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်သို့ဆုံးဖြတ်ချက် အမိန့်ချမှတ်သည့်နေ့မှ ၁၅ ရက်အ တွင်းအယူခံတင် သွင်းနိုင်ကြောင်း ရွေးကောက် ပွဲဆိုင်ရာနည်းဥပဒေ တွင်ပြဋ္ဌာန်းထားသည်။
"အယူခံတင်လို့ရတယ်။ အယူ ခံလွှာတင်ရင် ၁၅ ရက်အတွင်းတင် နိုင်တယ်လို့ ဥပဒေအရပြဋ္ဌာန်းထား တော့ ဒီဇင်ဘာ ၁၂ ရက်နေ့နောက် ဆုံးထားတင်ရ မှာပေါ့။ ခုထိတော့ မရှိသေးဘူး " ဟု ဦးညွန့်တင်ကပြော သည်။
လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင်ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားလှယ်ဦးဖြိုးမင်း သိန်း သည် ခိုင်လုံမဲပေါင်းသုံးသောင်း ခြောက်ထောင်ကျော်ရရှိ ခဲ့ပြီး ပြည် ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီမှ ၀င်ရောက် ယှဉ်ပြိုင် သည့် ကိုယ် စားလှယ်လောင်း မှာနှစ်သောင်းရှစ် ထောင်ကျော်ရရှိ ခဲ့ကြောင်း ပြည် ထောင် စုရွေးကောက် ပွဲကော်မရှင် မှထုတ်ပြန်သည့် မဲရလဒ်စာရင်းအ ရသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်သွင်းထားသည့် ကန့်ကွက်လွှာအမှုများအနက် အမှု ပေါင်း ၃၉ မှုကို ဆုံးဖြတ်ချက် အမိန့် ချမှတ်ခဲ့ပြီး အပြီးသတ်အမိန့်ချမှတ် ကာ နိုင်ငံတော်ပြန်တမ်းတွင် ထည့် သွင်းကြေညာခဲ့သည့်အမှုပေါင်း ၃၃ မှုရှိကြောင်း သိရသည်။
HM

No comments:

Post a Comment