Wednesday, November 30, 2016

"အင်းစိန်တွင် တစ်ဦးတည်းလျှောက်သွားနေသည့် ကလေးငယ်ကို ခေါ်ယူစောင့်ရှောက်ထားဟုဆို "

အင်းစိန်မြို့နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အသက်၃နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးတည်း လျှောက်သွားနေသည့်အတွက် အမျိုးသမီးတစ်ဦးမှ ခေါ်ယူစောင့်ရှောက်ထားကြာင်း သတင်းရရှိသည်။ ကလေးကို( နိုဝင်ဘာ ၁၀ရက် )ညပိုင်း အချိန်တွင်စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်လက်အတွင်း အိတ်တစ်လုးံပါရှိကာ အဆိုပါအိတ်ထဲတွင် ကလေးဝတ်စုံတစ်စုံသာ ပါရှိကြောင်း ကလေးငယ်ကို ထိန်း သိမ်းစောင့်ရှောက်ထားသူ အမျိုးသမီးက ပြောသည်။ "ကလေးကငယ်ပြီးတော့ စကားကိုတိတိကျကျ မပြောတတ်သေးဘူး။ လေယာဉ်ကိုမြင်ရင်တော့"ဖေဖေ"ဆိုပြီးပြောတာမျိုးတွေ ရှိတယ်။ လူတော့ မကြောက်တတ်ပါဘူး။ နာမည်မေးတာတော့ မရဘူး။ ရပ်ကွက်နဲ့ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်"ဟု ၄င်းအမျိုးသမီးကပြောသည်။


ကလေးငယ်ကို စတင်ကောက်ရခဲ့သည့် အမျိုးသမီးမှာ နေအိမ်တွင် အ၀တ်လိုက်လံ လျှော်ဖွတ်သည့် အမျိုးသမီးမှ စတင်ကောက်ရခဲ့ခြင်း ဖြစ်ပြီးကလေးမိဘနှင့်ဆွေမျိုးများ သိရှိနိုင်ရန်အတွက် လူမှုကွန် ရက်တွင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ကလေးငယ်ပုံတင်ခဲ့ သော အမျိုးသမီးတစ်ဦးကပြောသည်။
"ဖုန်းတွေဆက်ပြီး မေးတဲ့သူတွေတော့ အများကြီးပါ။ တစ်ချို့ကလည်း ကလေးကချစ်စရာကောင်းတော့ မွေးစားချင်တယ်ဆိုပြီး တောင်းတဲ့သူတွေလည်းရှိပါတယ်။ ဒီနေ့(နိုဝင်ဘာ၃၀)ရက်မနက်ကတော့ထား ၀ယ်ကဖုန်းဆက်တယ်။ သူတို့ကလေးနဲ့ တူတယ်လို့ပြောပါတယ်။ခုချိန်ထိတော့ ရောက်မလာသေးပါဘူး"ဟု ၄င်းအမျိုးသမီးကပြောသည်။
ကလေးငယ်မိဘ ဆွေမျိုးများအနေဖြင့် မိသားစုဝင်ဖြစ်ကြောင်း သက်ဆိုင်ရာ ခိုင်လုံသော အထောက်အထားများနှင့် တကွ အုပ်ထိန်းသူများမှ ဖုန်း 0973087647၊0 9264857773 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment