Friday, November 25, 2016

အောင်စိုးမိုးကျော်(၂)အမြန်ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူ များကိုတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း အာမခံလျော်ကြေးငွေပေးမည်

အောင်စိုးမိုး ကျော်(၂)အမြန်ရေယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးခဲ့ သူများနှင့်ပတ် သက်ပြီး တစ်ဦးလျှင် ကျပ် ဆယ်သိန်း နှုန်းဖြင့်ေ လျာ်ကြေးငွေပေးအပ်သွား မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ် ငန်းမှ သိရသည်။ချင်းတွင်းမြစ်အတွင်းမှ ပြန်လည် ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်း ၆၈ လောင်းအနက် ပိုင်ရှင်ပေါ်သည့် ရုပ် အလောင်းမှာ ၄၈ လောင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထံမှ သိရသည်ဟု မြန်မာ့အာမခံလုပ် ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးညီညီအောင်ကနိုဝင်ဘာ ၂၃ ရက် တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။ အဆိုပါ ၄၈ ဦးအနက် ၂၂ ဦး ကို လျော်ကြေးငွေပေးအပ်နိုင်ရန်အ သင့်အနေအထားရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးလျှင် မုံရွာမြို့သို့ သွားရောက်ပေးအပ်မည် ဖြစ်ပြီး အစီအစဉ်မရှိပါကလျော်ကြေးေ ငွလျှောက်ထားသူများ၏ လိပ်စာ အတိုင်းစာတိုက်မှ တစ်ဆင့်ပေးပို့သွား မည်ဖြစ်ကြောင်း ၎င်းင်းကပြောသည်။ ""အာမခံလျော်ကြေးငွေလျှောက် လွှာပုံစံခုနစ်ဆယ်ကျော်ကို ဖြန့်ဝေ ပေးခဲ့တာမှာ ခုလောလောဆယ် ၂၂ ဦးကတော့ ပုံစံအားလုံးပြည့်စုံစွာအ မြန်ချောပို့ဖြင့် တင်ပြလာလို့ပေးလျော် ဖို့အဆင်သင့်ဖြစ်နေပါပြီ""ဟု ဦးညီ ညီအောင်ကပြောသည်။

မြန်မာနိုင်ငံအတွင်းရှိမည်သည့် စက်တပ်ယာဉ်ကြောင့်မဆို ထိခိုက် ဒဏ်ရာရရှိသေဆုံးခဲ့ပါက မြန်မာ့အာ မခံလုပ်ငန်းဥပဒေအရ လျော်ကြေး
ငွေပေးအပ်ရကြောင်း သိရသည်။""မြန်မာနိုင်ငံထဲမှာရှိတဲ့ စက် တပ်ယာဉ်တွေ လိုင်စင်လုပ်ပြီဆိုရင် အခွန်ပေးသွင်းတဲ့အခါမှာ အဲဒီယာဉ် နဲ့ထိခိုက်မိလို့သေဆုံး၊ ဒဏ်ရာရရှိသူ တွေကို လျော်ကြေးပေးသွင်းငွေအဖြစ်
အာမခံလုပ်ငန်းကို သွင်းဖို့ငွေတစ်ပါ တည်းပါပြီးသားဖြစ်ပါတယ်""ဟု ၎င်းင်း ကပြောသည်။ အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ်သည် မြန်မာ့အာမခံ လုပ်ငန်းသို့ တစ်နှစ်လျှင်ကျပ်နှစ်သောင်း ခွဲပေးသွင်းရမည်ဖြစ်သော်လည်း လိုင် စင်သက်တမ်းတိုးထားခြင်းမရှိသည့် အတွက် အာမခံလုပ်ငန်းထံငွေသွင်း
ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ယခင်က ယင်းသို့သေဆုံးခဲ့ပါက မြန်မာ့အာမခံလုပ်ငန်းမှ သေဆုံးသူ တစ်ဦးလျှင် ကျပ်ငါးသောင်းသာပေး လျော်ခဲ့ပြီး ယခုနှစ်သြဂုတ်မှစတင်ကာ ယင်းအာမခံအမျိုးအစားနှင့်ပတ် သက်ပြီး နှစ်စဉ်ပေးသွင်းငွေနှင့်အကျိုး ခံစားခွင့်ကိုထပ်မံတိုးမြှင့်ခဲ့သည်။စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်း တွင်းမြစ်
အတွင်း ဟုမ္မလင်းမှမုံရွာမြို့ သို့ပြေးဆွဲနေသည့် အောင်စိုးမိုးကျော် (၂)အမြန်ယာဉ်သည် အောက်တိုဘာ ၁၅ ရက်နံနက် ၅ နာရီက ကုန်နှင့်လူ အဆမတန်တင်ဆောင်လာရာမှ နစ် မြုပ်ခဲ့သည်။
TTMT

No comments:

Post a Comment