Friday, November 25, 2016

"တပ်မ ၄၁၁ ၏ အုတ်တံတိုင်းကို ကားတစ်စီး အရှိန်လွန်တိုက်မိ"

နေပြည်တော် ဥတ္တသီရိမြို့နယ် ရွာတော်ဈေး ဘူတာသို့သွားသည့် လမ်းမပေါရှိ တပ်မ၄၁၁ အုတ်တံတိုင်းကို လိုက်ထရပ် ယာဉ်တစ်စီးက နိုဝင်ဘာ ၂၄ ည၇နာရီ ၂၀မိနစ်ခန့်တွင် အရှိန်လွန်တိုက်ခဲ့ကြောင်းသတင်းရရှိသည် "အရှိန်လွန်ပြီးတိုက်တာပါ အုတ်တံတိုင်းကျိုးသွားတယ်ေ မာင်းလာတဲ့သူကတယောက်တည်း ခေါင်းထိတယ် အခုတော့ဆေးရုံပို့လိုက်ပါပြီ ကားကတော့ ခေါင်းကြေသွားတယ်" ဟု တပ်မ ၄၁၁မှ တာဝန်ရှိသူ အရာရှိတစ်ဦးကပြောသည် အဆိုပါယာဉ်မှာ နေပြည်တော်အတွင်းပြေးဆွဲနေသည့် လိုင်းကားယာဉ်ဖြစ်ပြီး မောင်းနှင်သည့်ယာဉ်မောင်းမှာ အနည်းငယ်မူးနေသည်ဟု ယင်းဖြစ်စဉ်တွေ့ရှိသူများ ပြောပြချက်အရသိရသည် အဆိုပါ ဖြစ်စဉ်ကို ဥတ္တရသီရိမြို့နယ် ပတ္တာရဲစခန်းတွင် အမူဖွင့်ထားကြောင်းသိရသည်

No comments:

Post a Comment