Monday, November 21, 2016

တစ်နေ့အနည်းဆုံးလုပ်အားခ ကျပ်၅၆၀၀ ရရှိရေးအတွက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားတစ်ထောင်ကျော်က ယနေ့ (နိုဝင်ဘာ၂၀ရက်)တွင် ဆန္ဒပြတောင်းဆို

လှိုင်သာယာမြို့နယ်ရှိ စက်ရုံ (၁၀)ရုံတွင် အလုပ်လုပ်ကိုင်နေသောအလုပ်သမား တစ်ထောင်ကျော်သည် တစ်နေ့အနည်းဆုံးလုပ်အားခ ကျပ် ၅၆၀၀ ရရှိရန် လှိုင်သာယာမြို့နယ် ရိုးကြီးမှတ်တိုင် ၊ပန်းပဲဦးရွှေဘင်လမ်းမှစတင်၍ မြို့နယ်အားကစားကွင်းအထိ အချိန်၎နာရီကြာ ချီတက်လမ်းလျှောက်၍ ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ "အနည်းဆုံး အခကြေးငွေ တစ်ရက်လျှင် (၅၆၀၀)ကျပ် အမြန်ဆုံးသတ်မှတ်ပေးရေး (ဒို့အရေး)၊ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် မလိုက်နာလျှင် ထောင်ဒဏ်ချမှတ်ရန် ဥပဒေပြင်ဆင်ရေး (ဒို့အရေး)၊စည်းကမ်းဖောက်ဖျက်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများကို အရေးယူရေး(ဒို့အရေး)"စသည့် စာသားများရေးသားထားသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ အော်ဟစ်ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 7 Days

No comments:

Post a Comment