Monday, November 28, 2016

စစ်ကိုင်း ကန်တလူ နားမှာ ဆိုးသွမ်းရမ်းကားနေတယ့် လူတွေကို ဒီအတိုင်း ကြည့်နေရတော့မယ်ထင်တယ်...

ခရီးသည်တင်ကားတွေကို အန္တာရယ်ဖြစ်အောင် လုပ်နေတယ့် လူတစုကို အရေးယူပေးဘို့ ကူညီပေးပါအုံးဗျာ... 26.11.2016 မှာ ကျွန်တော့် ယာဉ်လိုင်းက မော်တော်ယာဉ် တစ်စီးအပြင် အခြား ခရီးသည်တင်ယာဉ် နှစ်စီး အိမ်ကား တစ်စီး ခဲနဲ့ အထု ခံရပါတယ်... 27.11.2016 ကျွန်တော့် မော်တော်ယာဉ်လိုင်းကဘဲ မနေ့ညက ခဲနဲ့ထုတယ့်နေရာ အနီးမှာဘဲ ထပ်မံ ခဲနဲ့ အပစ်ခံရပြန်တယ်... ယာဉ်ပေါ်ပါ ခရီးသည်တွေ ဘာမှ မဖြစ်ပေမယ့် ရေရှည် ဒီလို ဆိုးသွမ်းလုပ်ကိုင်နေမယ်ဆို ကျွန်တော်တို့ခရီးသည်တင် မော်တော်ယာဉ်အသင်းတွေ ဒုက္ခရောက်နိုင်လို့ ကိုကြိုက တဆင့် ပြောပြ အကူအညီ တောင်းခံခြင်း ဖြစ်ပါတယ် ခင်ဗျာ...
မှ..မိုးကြယ်စင်

No comments:

Post a Comment