Wednesday, November 30, 2016

ဦးနှောက်သွေးကြောထုံးရောဂါရှိသော်လည်း သရုပ်ဆောင် ဂျောင်အီဝူး စစ်မှုထမ်းဆောင်မည်

ဒီဇင်ဘာလတွင် သရုပ်ဆောင်ဂျောင်အီဝူးသည် စစ်မှုထမ်းဆောင်ရမည့် တာဝန်ရှိနေသော်လည်း သွေးကြောများ အတွင်း သွေးကြောနံရံကို အားနည်းစေသော ဦးနှောက်သွေးကြောထုံးရောဂါကို ခံစားနေရကြောင်း သတင်းများထွက်ပေါ်လာသည်။ သွေးကြောထုံးရောဂါခံစားရသူသည် ကိုယ်တွင်းအင်္ဂါတွင် သွေးယိုစိမ့်ခြင်းနှင့်် ခန္ဓာကိုယ်ပြင်ပတွင် သွေးထွက်လွန်ခြင်းကြောင့် လေဖြတ်ခြင်း၊ ကိုမာရောဂါနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်သည်။ နိုဝင်ဘာ ၃၀ တွင် ဂျောင်အီဝူး၏ အေဂျင်စီက ထုတ်ပြန်သော တရားဝင်ကြေညာချက်တစ်ခုတွင် "လွန်ခဲ့သော ၂၀၀၆ ခုနှစ်တွင် ကားမတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ဂျောင်အီဝူးသည် ဦးခေါင်းထိခိုက်၍ သတိမေ့သွားခြင်း၊ ဦးနှောက်သွေးယိုစိမ့်ခြင်းနှင့် မှတ်ဥာဏ်ဆုံးရှုံးစေနိုင်သည့် သတိလစ်မေ့မျောခြင်း တို့ကို ကြုံတွေ့ခဲ့ရကြောင်း၊
လွန်ခဲ့သော ၃ နှစ်မှစတင်ကာ မကြာခဏခေါင်းကိုက်လေ့ရှိကြောင်း၊ ဆေးစစ်ခဲ့ပြီးနောက် ဂျောင်အီဝူးအနေဖြင့် ဦးနှောက်သွေးကြောထုံးရောဂါ ဖြစ်ပွားနေသည်ကို သိရှိခဲ့ကြောင်း" ဖော်ပြထားသည်။ ယင်းအေဂျင်စီက က ဂျောင်အီဝူးသည် ဦးနှောက်သွေးကြောထုံးရောဂါကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုခဲ့မည်ဆိုပါက စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရှိနိုင်သော်လည်း စစ်မှုထမ်းရန်ကိုသာ ဆုံးဖြတ်ချက်ခဲ့သည်ဟုဆိုသည်။ အေဂျင်စီက "တက်ကြွတဲ့ တာဝန်ကျစစ်သားတစ်ယောက်အနေနဲ့ စစ်မှုထမ်းရမှာမဟုတ်ဘဲ ပြည်သူ့ဝန်ဆောင်မှုလုပ်သားအဖြစ် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ၊ ဂျောင်အီဝူးဟာ သူ့ချစ်ပရိသတ်တွေကို ကောင်းကောင်းမနှုတ်ဆက်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်နေပါတယ်၊ သူ့ကိုအများကြီးချစ်ကြပြီး အားပေးကြပါ" ဟုပြောကြားခဲ့သည်။ Ref:soompi

No comments:

Post a Comment