Saturday, November 19, 2016

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာများ ရောင်းချပေးသော် လည်း ကုမ္ပဏီဝန်ထမ်းနှင့် ဝင်ငွေနည်း ပြည်သူများ ဝယ်ယူမှုနည်းပါး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မြေကွက်အမှတ် (မမ-၁၆) မြေဧရိယာ ၇ ဒသမ ၆၇ ဧကတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက မြရည်နန္ဒာတန်ဖိုး မျှတအိမ်ရာစီမံကိန်း ရှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံ ၁၄ လုံး အခန်းပေါင်း ၅၆ဝ ကို မန္တလေး တိုင်းဒေသကြီး အတွင်း တာဝန် ထမ်းဆောင်လျက်ရှိ သော လုပ်သက် အနည်းဆုံးငါးနှစ် ရှိ နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေ နည်းပြည်သူများအား လက်ငင်းငွေချေစနစ်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေ ချေစနစ်များဖြင့် ရောင်းချပေးမည်ဖြစ် သည်။

တန်ဖိုးမျှတအိမ်ရာ ဝယ်ယူခွင့် လျှောက်လွှာများကို နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေ နည်းပြည်သူတို့ အား လျှောက်လွှာများကို အရောင် လေးရောင်ခွဲ၍ နိုဝင်ဘာ ၁ဝ ရက်မှစတင်ကာ အောင်မြေသာစံမြို့နယ် ၆၆ လမ်း ၁၅လမ်းနှင့် ၁၆ လမ်းကြားရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံး တွင် ရောင်းချပေးခဲ့ရာ နိုဝင်ဘာ ၁၆ ရက်တွင် နိုင်ငံ့ဝန်ထမ်းများ ဝယ်ယူခွင့် လျှောက်လွှာများ ရောင်းအားမြင့်တက်ခဲ့ကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူများ လျှောက်လွှာတွင် မိသားစုပျှမ်းမျှဝင်ငွေ ကျပ် လေးသိန်း အထက်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်၏ ထောက်ခံချက် ပါရှိနေ၍ တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာ ဝယ်ယူမှု နည်းပါးလျက်ရှိနေပြီး ကုမ္ပဏီဝန်ထမ်းများအား လေးလလေးရစ်ဖြင့် အကြေပေးချေစနစ်၊ တိုက်ခန်း ၃ဝ ရာခိုင်နှုန်းပေးသွင်း၍ ကျန်ငွေ ရှစ်နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှု နည်းပါးနေကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
The Ladies News

No comments:

Post a Comment