Tuesday, November 29, 2016

အပေါင်းအသင်းများအခေါ်အပြောမလုပ်သဖြင့်စိတ်ညစ်သည်ဟုဆိုကာ ကိုးတန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

မကွေးတိုင်း ဒေသကြီး မင်းလှမြို့နယ် ထန်းကိုင်း ကျေးရွာတွင် နိုဝင်ဘာ ၂၇ ရက်က ကိုယ်ပိုင်အထက်တန်းကျောင်းနေ န၀မတန်းကျောင်းသားတစ်ဦး ကြိုး ဆွဲချသေဆုံးခဲ့ကြောင်း မင်းလှမြို့မ ရဲစခန်းမှ သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲက မင်းလှပြည်သူ့ ဆေးရုံတွင် ကြိုးဆွဲချသေ ဆုံးသူတစ် ဦး ရောက်ရှိနေကြောင်း အကြောင်း ကြားချက်အရ မင်းလှမြို့မရဲစခန်းမှ ဒုရဲအုပ်သန်းကျော်ထွေးသွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ မကွေးမြို့ရှိကိုယ် ပိုင်အထက်တန်းကျောင်းတစ်ခုနေ ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသား ထန်းကိုင်းကျေးရွာ မင်းလှမြို့နယ် နေသူမှာ လည်ပင်းညိုမည်း၊ သုက် ထွက်၊ လက်များကုပ်နေသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ် ဆေးတွေ့ရှိခဲ့သည်
။ြ ဖစ်စဉ်အားမေးမြန်းခဲ့ရာ အဆို ပါကျောင်းသားသည် ကျောင်းတွင် ၎င်းင်း၏သူငယ်ချင်း ဇော်မျိုးဦးနှင့် ကျောင်းသားတစ်ဦးတို့ စကားများခဲ့ ရာမှတစ်ဆင့် သေဆုံးခဲ့သည့် ကျောင်း သားအား အတူနေကျောင်းသား ကျောင်းသူများက မခေါ်မပြောတော့ ဘဲ ၀ိုင်းပယ်ထားကြောင်းသိရပြီး ယင်း နောက် အဆိုပါကျောင်းသားသည် နေအိမ်၌ရှိနေခိုက်
အိမ်အပေါ်ထပ် အမြင့် ရှစ်ပေခန့်ရှိ ထုပ်တန်းတွင် အရှည် ၂၂ ပေခန့်ရှိ အဖြူရောင် ချည်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းင်းသေကြောင်းကြံသည်ကိုညီဝမ်းကွဲတော်သူ နိုင်လင်းထွန်းကမြင် တွေ့၍ အော်ဟစ်အကူအညီတောင်း ရာ အစ်မ၀မ်းကွဲတော်သူမကြည် ရောက်ရှိ
လာပြီး ကြိုးဖြေကာ မင်း လှဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားကြောင်း စစ်ဆေးချက်အရ သိရသည်။ယင်းကျောင်းသားသေဆုံးခဲ့မှု နှင့်ပတ်သက်၍
ဒုရဲအုပ်သန်းကျော် ထွေးမှ တရားလိုပြုလုပ်တိုင်တန်းသ ဖြင့် မင်းလှမြို့နယ်၊ မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၆ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
KZY(MMK)

No comments:

Post a Comment