Thursday, November 24, 2016

ရတနာပုံဇာတ်လမ်းတွဲမှာ လိုချင်တာဇွတ်ယူတတ်တဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်မယ့် ဇွန်သံစဉ်

လာမည့် ဒီဇင်ဘာတွင် မန္တလေးမြို့၌ ရိုက်ကူးမည့်ရတနာ ပုံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ် ဆောင်ရန် အစီအစဉ်ရှိကြောင်း ဇွန်သံစဉ်က ပြောသည်။ ‘‘ဇာတ်လမ်းတွဲဆိုတော့ ညီမ လည်း မရိုက်ဖူးသေးဘူး။ ဗီဒီယို တစ်ကားတော့ ရိုက်ပြီးသွားပြီဆို တော့ စိတ်ဝင်စားတယ်။ နောက် ပိုင်းမှာ ဇာတ်လမ်းတွဲတွေက ပရိ သတ်တွေသဘောကျလာကြပြီဆို တော့ လက်ခံဖြစ်သွားပါတယ်။ ပြီးတော့ မန္တလေးမှာလည်း ရိုက် မယ်။ ဇာတ်လမ်းကလည်းညီမလုပ်နိုင်တဲ့ ကာရိုက်တာမျိုးဆိုတော့  တက်သစ်စတစ်ဦးအနေနဲ့ ပထမဆုံးကားမှာ ကိုယ်လုပ်နိုင်တဲ့ ကာရိုက်တာလည်း ဖြစ်တဲ့အ တွက် လက်ခံဖြစ်သွားတာပါ’’ဟု ၎င်းကပြောသည်။



ယင်းဇာတ်လမ်းတွဲတွင် ဟိန်းဝေယံ၊ ထွန်းကိုကို၊ မိုးယံဇွန်၊ ရတနာဗို၊ အေးဝတ်ရည်သောင်း နှင့် ဇွန်သံစဉ်တို့ ပါဝင်သရုပ် ဆောင်မည်ဖြစ်ပြီး လူငယ်အချစ် ဇာတ်ကားတစ်ကား ဖြစ်သည်ဟု ဆိုသည်။

‘‘ဒီဇာတ်ကားမှာ ညီမက နည်းနည်းခက်ထန်တယ်။ ကိုယ် လိုချင်တာကို ဇွတ်ယူတတ်တဲ့ ကောင်မလေးတစ်ယောက်ပုံစံ သရုပ်ဆောင်ရမှာပါ။ ပြင်ဆင်မှု ပိုင်းကတော့ မန္တလေးမြို့မှာပဲ အ ခြေခံရိုက်မှာဆိုတော့ မန္တလေးသူ တွေရဲ့ ၀တ်စားဆင်ယင်မှု၊ မြန်မာ ၀တ်စုံ၊ တက္ကသိုလ်ကျောင်းသူတွေ ရဲ့ ၀တ်စားဆင်ယင်မှုမျိုး၊ ယဉ် ယဉ်လေးနဲ့ ရိုးရိုးလေး မန္တလေးသူ ပုံစံပေါက်အောင် ပြင်ဆင်ထားပါ တယ်’’ဟု ရတနာပုံဇာတ်လမ်းတွဲ နှင့်ပတ်သက်၍ ၎င်းကပြောသည်။

ယင်းဇာတ်လမ်းတွဲကို မန္တ လေးမြို့၏ အထင်ကရ နေရာများ တွင် ရိုက်ကူးသွားမည်ဖြစ်ပြီး အပိုင်း ၂၀ စာ ရိုက်ကူးမည် ဖြစ် သည်။ ဇွဲဉာဏ်

No comments:

Post a Comment