Friday, November 25, 2016

ဒဏ်ရာကြောင့် ယခုနှစ်ကုန်ထိ ဘောလုံးကစားနိုင်တော့မည် မဟုတ်သည့် ဂါရတ်ဘေးလ်

ဒဏ်ရာကြောင့် ဂါရတ်သ်ဘေးလ် အနေဖြင့် ယခုနှစ်အတွင်း ဘောလုံး ကစားနိုင်တော့မည် မဟုတ်ဟု သိရှိရသည်။ ရီးယဲလ်မက်ဒရစ်၏ တောင်ပံ တိုက်စစ်သမားသည် ခြေကျင်းဝတ် ထိခိုက်မှုကို ခွဲစိတ်ကုသမှု ခံယူရ မည်ဖြစ်ရာ (၃)လမျှ အနားယူရမည် ဖြစ်သည်။ ၎င်းသည် စပို့တင်း လစ္စဘွန်း ကို (၂-၁)ဖြင့် အနိုင်ရသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ် သည်။ ယခုသီတင်းပတ်ကုန်တွင် ဘာစီလိုနာနှင့် အယ်လ်ကလက်စီကို ဒါဘီပွဲစဉ် ကစားရန် ရှိနေသည့် ရီးယဲလ်အတွက် ဘေးလ်၏ ဒဏ်ရာ သတင်းသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာသည်။ Scanဖတ် စစ်ဆေးမှုများက ဘေးလ်၏ ညာဘက်ခြေကျင်းဝတ်မှ အရေးပါသော အရွတ်တစ်ခု ထိခိုက်သွားကြောင်း ညွှန်ပြနေပြီး ခွဲစိတ်မှု ခံယူရမည် ဖြစ်သည်။

ဝေလလက်ရွေးစင် ဘေးလ်သည် ဗြိတိန်သို့ ပြန်သွားပြီး ဒဏ်ရာခွဲစိတ်မှု ခံယူမည်ဟု ဥရောပ ချန်ပီယံ အသင်းက အတည်ပြုခဲ့သည်။ “ရီးယဲလ် ရဲ့ ဆေးအဖွဲ့က ဘေးလ်ရဲ့ ဒဏ်ရာဟာ ခွဲစိတ်ရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှုကို လန်ဒန်မြို့၊ သတ္တမ အက်ဒွပ်ဘုရင် ဆေးရုံကြီးမှာ နိုဝင်ဘာ (၂၉)ရက်ကျရင် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ခွဲစိတ်မှုကို ဒေါက်တာ ဂျိမ်းစ်ကယ်လ်ဒါက ဦးစီးပြီး အသင်းရဲ့ ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ ဂျီးဆက်စ်အိုလ်မို၊ ဒေါက်တာ မစ်ကယ်လ် အာရမ်ဘာရီတို့ကလည်း ပူးပေါင်း ပါဝင်ကြမှာ ဖြစ်ပါတယ်”ဟု ရီးယဲလ်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဘေးလ်သည် (၂၀၁၆)အတွင်း ဘောလုံးပြန်မကစားဖြစ် ရန် သေ ချာသွားသည်။ လတ်တလောတွင် ရီးယဲလ်သည် လာလီဂါ ထိပ်ဆုံး၌ ဘာစီလို နာကို (၄)မှတ်ဖြတ် ဦးဆောင်နေသော်လည်း အားထားရာသည့် ဘေးလ်မပါ ဘဲ နူးကမ့်တွင် ခါးသီးပြိုင်ဘက်ကို သွားရောက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
Ref: Marca

No comments:

Post a Comment