Tuesday, November 29, 2016

နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ဒေသအချို့တွင် အချိန်အခါ မဟုတ် မိုးရွာနိုင်

ဘင်္ဂလားပင်လယ်အော် ရှိလေဖိအားနည်းရပ်ဝန်းသည် နှစ်ရက်အတွင်း မုန်တိုင်းငယ် ဖြစ်လာ နိုင်ပြီး ဒေသ ၁၂ ခု၌ အချိန်အခါ မဟုတ် မိုးရွာနိုင် ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေး ထားသည်။ မိုးလေ၀သပညာရှင် ဒေါက် တာ ထွန်းလွင်က နိုဝင်ဘာ ၂၇ ရက်မှစကာ လေဖိ အားနည်းရပ်ဝန်း ကြောင့် ဒေသအချို့တွင် အချိန် အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေးထားခြင်း ဖြစ်သည်။
ယင်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နိုဝင်ဘာ ၂၈ ရက်မှ နောက် နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ် လာနိုင်ကြောင်း မိုးဇလဌာန က သတင်းထုတ်ပြန်သည်။ လတ်တလောတွင် လေဖိ အားနည်းရပ်ဝန်းအဆင့်၌ ရှိနေ သေးသော်လည်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ နှင့် တနင်္သာရီတိုင်းဒေသကြီး၊ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ ကယားနှင့် မွန်ပြည် နယ် တို့တွင် အချိန်အ ခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ထားသည်။ မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က ယခုဖြစ်ပေါ်နေ သည့် လေဖိ အားနည်း ရပ်ဝန်း သည် တောင်တရုတ်ပင်လယ် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန် တိုင်းနှင့် ဆက်စပ်နေ၍ စောင့်ကြည့်ရန် လိုအပ်နေကြောင်း သတိပေးထားသည်။ 7Day Daily

No comments:

Post a Comment