Saturday, November 19, 2016

မသင်္ကာသူ သုံးဦး ဖမ်းဆီးရမိရာမှ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခိုး၊ ဆိုး၊ လု၊ နှိုက်မှုများ ဖော်ထုတ်ဖမ်းဆီးရန် စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ မသင်္ကာသူသုံးဦး ဖမ်းဆီးရမိ ရာမှ ဆိုင်ကယ်ခိုးမှု များပေါ်ပေါက်ခဲ့သည်။ြ ဖစ်စဉ်မှာ ၅.၁၁.၂၀၁၆ ရက်နေ့ ၂၁း၀၀ အချိန်ခန့်က မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်အတွင်း သတင်းစုံစမ်းစဉ် ခိုးမှုကျူးလွန်ထားကြောင်း မသင်္ကာသတင်းရရှိသူ မင်္ဂလာဒုံမြို့နယ်နေ မဲကြီး(ခ)ဆန်းဝင်းကျော်၊ (၂၉)နှစ်၊ တုတ်တုတ်(ခ)အောင်ကျော်စိုး၊ (၂၀)နှစ် နှင့် ရဲကျော်ဇင်၊ (၂၀)နှစ်တို့အားသင်္ဃန်းကျွန်းကြီး ကျေးရွာတွင် တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ သုံးဦးသည် တင်ဝင်းလှိုင်နှင့်အတူ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ေ ရွှနံသာကျေးရွာ၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဈေးဘူတာနှင့် အမှတ်(၃)လမ်းဆုံအနီးတို့ရှိ နေအိမ်ခြံဝင်းနှင့် လမ်းများပေါ်တွင် ရပ်ထားသော  ဆိုင်ကယ်(၈)စီးကို ခိုးယူခဲ့ကြောင်း၊ ယင်းသို့ ခိုးယူရာတွင် ဆိုင်ကယ် ဇက်သော့ကိုချိုး၍ သော့ဆော့ကက်ဖြုတ်ပြီး ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ ပါသည်။


စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံ ဆိုင်ကယ် များကို သိမ်းဆည်း ရရှိခဲ့ပြီး မင်္ဂလာဒုံမြို့မ ရဲစခန်း နှင့်ထောက်ကြန့်နယ်မြေ ရဲစခန်းတို့တွင်
အမှုများ အသီးသီးရေးဖွင့် ဆောင်ရွက်လျက်ရှိကာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ တင်ဝင်းလှိုင်မှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် အမြန်ဖမ်းဆီး
ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရ ရှိပါသည်။
The Ladies News

No comments:

Post a Comment