Wednesday, November 30, 2016

လုပ်သားခေါ်ယူမှုနှင့် ရွှေ့ပြောင်းလုပ်သားများအရေး ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်တွင် ဆွေးနွေးရန် တင်ပြထားဟုဆို

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ စင်ကာပူခရီးစဉ်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအ ရေးကိစ္စ ထည့်သွင်းဆွေးနွေးနိုင် ရန် တင်ပြထားကြောင်း သတင်း ရရှိသည်။  ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင် ဘာ ၂ ရက်အထိ စင်ကာပူနိုင်ငံ သို့ ချစ်ကြည်ရေးခရီးသွားရောက် မည်ဖြစ်ရာ မြန်မာရွှေ့ပြောင်းအ လုပ်သမားများအခွင့်အရေးကိစ္စ များ၊ စင်ကာပူနိုင်ငံမှ  အလုပ်ခေါ် ယူမှုရေးကိစ္စ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး  ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှု ပြု လုပ်နိုင်ရန် တင်ပြထားသည်ဟု အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ‘‘စင်ကာပူကတော့ အဓိက ခေါ်တာ Skill Worker (ကျွမ်းကျင် အလုပ်သမား) တွေများတာပေါ့။ ရှေ့ဆက်အလုပ်သမားခေါ်ယူမှု လုပ်ငန်းတွေမှာ နှစ်နိုင်ငံပိုပြီး ပူး ပေါင်းဆောင်ရွက်ဖို့အတွက်ကို တင်ပြထားတာပါ။ အိမ်အကူအ လုပ်သမားတွေ တရားမ၀င် သွား ရောက်လုပ်ကိုင်မှုတွေ အပါအ ၀င် ရွှေ့ပြောင်းအလုပ်သမား ရေး ရာကိစ္စတွေပါပါတယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်က ပြောသည်။




 စင်ကာပူနိုင်ငံသည် ယခင် က မြန်မာအလုပ်သမားများ အဓိ က သွားရောက်အလုပ်လုပ်ကိုင် ကြသည့်နိုင်ငံများတွင် ပါဝင်ပြီး လက်ရှိတွင် မြန်မာရွှေ့ပြောင်း အ လုပ်သမားများ စင်ကာပူနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ် ကိုင်မှုသည် ပျမ်းမျှအားဖြင့် တစ် လလျှင် ဦးရေ ၁၀၀ မှ ၁၅၀ ကြား သာရှိကြောင်း  အလုပ်သမားညွှန် ကြားရေးဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ အိမ်အကူ လုပ်သားများ သွား ရောက်လုပ်ကိုင် ခွင့်မပြုတော့ သော်လည်း ယင်းနိုင်ငံသို့ တရား မ၀င် သွားရောက်လုပ်ကိုင်နေမှု များရှိနေကြောင်း အေဂျင်စီအချို့ က ဆိုသည်။

 ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့  သွားရောက်မည့် ဒီဇင်ဘာ ၁ ရက်သည် စင်ကာပူ- မြန်မာနှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် စတင်ပေးမည့်ရက် ဖြစ်သည်။

ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ရှိ  ပြတိုက်တစ်ခုဖွင့်ပွဲသို့  တက် ရောက်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ည ၈ နာရီ၌ စင်ကာပူနိုင်ငံ Convention Centre ရှိ Big Box ခန်းမတွင် စင်ကာပူရောက် မြန်မာ များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မိုးမင်း

No comments:

Post a Comment