Tuesday, November 22, 2016

အဝေးပြေးလမ်းမပေါ် ယာဉ် ၃၇ စီးဆင့်တိုက်မိ၊ ၁၇ ဦးသေ၊ ၃၇ ဦးဒဏ်ရာရ


 

တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ယာဉ်ပေါင်း ၃၇ စီး ဆင့်တိုက်မှုဖြစ်ခဲ့တဲ့အတွက် လူ ၁၇ ဦးသေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ဇီခရိုင်၊ ဘေကျင်း-ကူမင်း အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်ကြော ၂ ဘက်လုံး ပိတ်ဆို့မှုတွေ ဖြစ်ခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ တိုက်မိခဲ့တဲ့ ယာဉ်တွေထဲမှာ ကုန်တင်ထရပ်ကားကြီးတွေ အများစုပါဝင်နေတာဖြစ်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အစုလိုက်အပြုံလိုက် ပျက်စီးနေတဲ့ ယာဉ်တွေကို တွေ့ရသလို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။

No comments:

Post a Comment