Wednesday, November 23, 2016

ကျော်ကျော်ဗိုနဲ့ မြင့်မြတ်တို့ အပြိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား

 ကျော်ကျော်ဗိုနှင့် မြင့် မြတ်တို့ ပါဝင်သရုပ်ဆောင်ထား သည့် ‘မင်းလည်းဘိုကေ ငါလည်းဘိုကေ’ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၂၅ ရက်တွင် ရုံတင်ပြသမည် ဖြစ်သည်။ အဆိုပါဇာတ်ကားသည် ဟာသကားဖြစ်ပြီး ရည်းစားလုရာမှ မတည့်သည့် မိဘနှစ်ဦးက မွေးဖွားလာသော သားနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ကြသည့် အ ကြောင်းကို ပုံဖော်ရိုက်ကူးထား သည်။ တစ်ဦးနှင့်တစ်ဦး မတည့်သူ များအဖြစ် ကျော်ကျော်ဗိုနှင့် မြင့် မြတ်တို့က သရုပ်ဆောင်ထားပြီး သင်ဇာဝင့်ကျော်အပါအဝင် နာ မည်ကြီးဟာသသရုပ်ဆောင်များ ဖြစ်သည့် ခင်လှိုင်၊ ဒိန်းဒေါင်နှင့် တက္ကသိုလ်ဂွမ်းပုံတို့လည်း သရုပ် ဆောင်ထားသည်။ ‘‘Sence (အခန်း) တိုင်း လည်း ရယ်နေရတယ်။ Location (ရိုက်ကွင်းနေရာ) တွေရော သီချင်းတွေသုံးထားတာလည်း အံဝင်ခွင်ကျရှိတယ်။ နောက်တစ် ချက်က ဒိန်းဒေါင်ရဲ့ အလွမ်းပန်း ချီလေးကို သေသေချာချာလေး ရိုက်ပေးထားတယ်။ အလွမ်းပန်း ချီက သီချင်းလေးက လွမ်းစရာ ကောင်းတယ်။ ဒါပေမဲ့ အိုက်တင် တွေက တလွဲတွေ။ ဟာသဖြစ်နေ တာပေါ့’’ဟု ခင်လှိုင်က အဆိုပါ ဇာတ်ကားအထူးပွဲတွင် ပြော သည်။ယင်းဇာတ်ကားတွင် လူကြီးခန်းနှင့် လူငယ်ခန်း ပုံစံနှစ်မျိုးပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ရုပ်နှင့်လိုက်ဖက်မှုရှိစေရန် စနစ်တကျ ပြင်ဆင်ရိုက်ကူးခဲ့ကြောင်း ခင်လှိုင်က ဆိုသည်။ ဇွဲဉာဏ်

No comments:

Post a Comment