Monday, November 21, 2016

ကျပ် ငါးရာတန်ထီလက်မှတ်ကို လုံခြုံရေးပိုင်းအဆင့်မြှင့်ထုတ်လုပ်မည်ဟုဆို

ကျပ်ငါးရာတန်ထီလက် မှတ်သည် လက်ရှိထုတ်ဝေနေသည့် ကျပ်နှစ်ရာတန်ထီလက်မှတ်နှင့် ဒီဇိုင်းပိုင်းသိသာစွာခွဲထွက်မည်မဟုတ်သော်လည်း လုံခြုံရေးပိုင်းကို ပို၍အဆင့်မြှင့်တင်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က ပြောသည်။ြ ပည်တွင်းအခွန်များဦးစီးဌာ န၊ အောင်ဘာလေသိန်းဆုဌာန သည် အမြင့်ဆုံးဆုငွေကျပ်သိန်း တစ်သောင်းပေးမည့် ကျပ်ငါးရာ တန်ထီကို ၂၀၁၇ ဧပြီ ၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ကျပ်ငါးရာတန်ထီအတွက် ၀ါဇီစက်ရုံ၌ ထီလက်မှတ်များရိုက် နှိပ်ရန် မှာကြားထားဆဲ ဖြစ်ပြီးယင်းထီလက်မှတ်သည် လအလိုက်ကွဲပြားသည့် ပန်းချီပုံများဖြင့်ဒီဇိုင်းဆင်ထားသည်ဟုဆိုသည်။



‘‘လက်ရှိထီဒီဇိုင်းနဲ့ သိပ်မ ကွာပါဘူး။ ထီလက်မှတ်စာရွက် သားအရည်အသွေးနဲ့ လုံခြုံရေး စနစ်ထားရှိမှုအပိုင်းကတော့ကျပ် ငါးရာတန်ထီက ပိုကောင်းမှာ ပေါ့’’ဟု ဦးမင်းထွဋ်ကပြောသည်။

 ကျပ်နှစ်ရာတန် ထီလက် မှတ်သည် လအလိုက်မြန်မာ့ရိုးရာ ကို ဖော်ညွှန်ထားသည့် ပန်းချီပုံ များကို အမှတ်အသားအဖြစ်ရိုက် နှိပ်ထားသည်။

လက်ရှိတွင် ထီကိုယ်စား လှယ်များနှင့် ထီကံစမ်းလိုသူများ သည် ကျပ်ငါးရာတန်ထီကို စိတ် ၀င်စားမှုများနေသောကြောင့် အ ဆိုပါထီစတင်ရောင်းချသည့် လ မှစ၍ ကျပ်နှစ်ရာတန်ထီလက်မှတ်ဖြန့်ဖြူးထုတ်လုပ်မှုကို လျှော့ချမည်ဟု ဦးမင်းထွဋ်က ပြော သည်။

လက်ရှိဖွင့်လှစ်ရောင်းချနေ သည့် ကျပ်နှစ်ရာတန်ထီသည် အမြင့်ဆုံးဆုငွေအဖြစ် ကျပ်သိန်း ၁၅၀၀ သတ်မှတ်ထားသည်။

အစိုးရကအောင်ဘာလေထီ ဖွင့်လှစ်ရာ၌ ထီလက်မှတ်ရောင်း ရငွေ၏ ၄၀ရာခိုင်နှုန်းကို နိုင်ငံ တော်ဘဏ္ဍာငွေအဖြစ် ရယူ၍ကျန် ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ထုတ်ပေးနေခြင်းဖြစ်သည်။

ကျပ်နှစ်ရာတန် ထီလက် မှတ်ကို တစ်လလျှင်အစောင်ရေ သိန်း ၂၇၀ခန့်ရိုက်ထုတ်ရောင်းချ ပြီး ဖွင့်လှစ်ပေးသည့်ဆုမဲအရေအတွက် လေးသောင်းကျော်ရှိ ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှတ်တမ်းများမှ သိရသည်။ မိုးမင်း

No comments:

Post a Comment