Saturday, November 19, 2016

ဗဟိုဘဏ်သည် စီးပွားရေးစနစ်အပြောင်းအလဲတွင် ပါဝင်နိုင်ခြင်း မရှိသေးကြောင်း ဒီချုပ်စီးပွားရေးကော်မတီအဖွဲ့ဝင် ပြောကြား

 မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ယခင်ကဲ့သို့ ပုံမှန်လုပ်ငန်းများဖြင့်သာ အချိန်ကုန်နေပြီး စီးပွားရေး စနစ်အပြောင်းအလဲတွင် ပါဝင်လာနိုင်ခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။ြ မန်မာနိုင်ငံအနေဖြင့် ပွင့် လင်းရာသီတွင် နှစ်စဉ်အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လေ့ရှိပြီး လက်ရှိပြင်ပငွေကြေး ဈေးကွက် ၌လည်း ဒေါ်လာတန်ဖိုးဆက်လက် မြင့်တက်နိုင်ခြေရှိ၍ ငွေရေးကြေးရေးနှင့် သက်ဆိုင်သည့်  ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဦးဆောင်ပြီး စီးပွားရေးနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်းဖြေရှင်းသင့်သည်ဟု ဦးရဲမင်းဦးက ပြောသည်။



‘‘အထူးသဖြင့် ငွေလဲနှုန်းနဲ့ ပတ်သက်ရင် ဗဟိုဘဏ်အနေနဲ့ ဘာတွေလုပ်နေတယ်၊ ဘာတွေ ပြင်ဆင်ထားတယ်ဆိုတာ သူက ထွက်ပြောရမယ်’’ဟု ၎င်းက ပြောသည်။ ဗဟိုဘဏ် အနေဖြင့် ဒေါ် လာတန်ဖိုးမြင့်တက်မှုကို တိကျ သေချာသည့် အဖြေရှာပြီး ထုတ် ပြန်ပေးမှုမရှိခြင်းကြောင့် ပြင်ပငွေကြေးဈေးကွက်တွင် ကောလာဟလများဖြင့် ငွေကစားသူများကြောင့် တည်ငြိမ်သည့်ငွေကြေး ဈေးကွက်မရရှိနိုင်ကြောင်း ၎င်းကပြောကြားသည်။  ဒေါ်လာဈေးဆက်တိုက်မြင့် လာပြီး တစ်ဒေါ်လာ ၁,၃၀၀ ကျပ် ခန့်သို့ ရောက်ရှိခဲ့သည့် အောက် တိုဘာလဆန်းတွင် ပြည်တွင်း ပုဂ္ဂ လိကဘဏ်များကို ပြင်ပဈေးကွက် ၌ ဒေါ်လာအရောင်းအ၀ယ်ဈေး ကစားမှု မပြုလုပ်ရန် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က အောက်တိုဘာ ၄ ရက်တွင် ခေါ်ယူသတိပေးသည်။ ဒေါ်လာဈေးမြင့်တက်ချိန်တွင် ပုံမှန်လုပ်ရိုးလုပ်စဉ်မျိုးဖြင့် ပုဂ္ဂလိက ဘဏ်များအား ခေါ်ယူသတိပေးခြင်းဟု ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အရာရှိတစ်ဦးကပြောသည်။

နိုဝင်ဘာ ၁၈ ရက်တွင် ပြင် ပဈေးကွက်၌ အမေရိကန်ဒေါ်လာ တန်ဖိုးသည် မွန်းလွဲပိုင်းတွင် တစ် ဒေါ်လာလျှင် ၁,၃၁၉ ကျပ်အထိ မြင့်တက်ခဲ့သည်။ ထို့ကြောင့် ဒေါ် လာတန်ဖိုးသည် နိုဝင်ဘာအတွင်း တစ်ဒေါ်လာလျှင် ၄၅ ကျပ်ကျော်ဈေးမြင့်တက်လာသည်။ ပြင်ပဈေးကွက်တွင် အမေရိကန် ဒေါ်လာ ဈေးတက်သကဲ့သို့ ဗဟိုဘဏ်က သတ်မှတ်သည့် ရည်ညွှန်းငွေလဲ နှုန်းမှာလည်း နှစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၅ ကျပ်ခန့် မြင့်တက် လာသည်။ နိုဝင်ဘာ ၁၇ ရက်တွင်ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း သည် တစ်ဒေါ်လာလျှင် ၁,၂၉၀ ကျပ်ဖြစ်သည်။

ယခင်အစိုးရ လက်ထက် ၂၀၁၅ မေလအတွင်း တစ်ဒေါ်လာ  လျှင် ၁,၃၀၀ ကျပ်ကျော်သို့ ဒေါ်လာတန်ဖိုးမြင့်တက်စဉ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌဦးကျော်ကျော် မောင်၊ ဒုဥက္ကဋ္ဌဦးဆက်အောင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊  ဦးတင်နိုင်သိန်း၊ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်တို့နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ ထိပ်တန်းတာဝန် ရှိသူများ နေပြည်တော်၌ အစည်းအဝေးပြုလုပ်ခဲ့သည်။

ဒေါ်လာတန်ဖိုးမြင့်တက်လာ ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှု ကြောင့် ၂၀၁၅ မေလ ၁၁ ရက် တွင် ပြည်တွင်းပုဂ္ဂလိက ဘဏ် များနှင့် ငွေလဲကောင်တာများအား ခေါ်ယူသတိပေးခြင်း၊ မေလ ၁၃ ရက်တွင် ပြည်တွင်းဘဏ်လုပ်ငန်း ရှင်များအား နေပြည်တော်သို့ ခေါ်ယူအစည်းအဝေးပြုလုပ်ခြင်း၊ မေလ ၂၇ ရက်တွင် နိုင်ငံခြားဘဏ် ငွေစာရင်းဖွင့်လှစ်ထားသူများကို ငွေထုတ်ယူရာ၌ ထက်ဝက်လျှော့ ချပေးရန် ညွှန်ကြားခြင်း၊ မေလ ၂၉ ရက်တွင် ပြည်တွင်း၌အရောင်း အ၀ယ်ပြုလုပ်ခြင်းနှင့် ၀န်ဆောင် မှုလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေ များ သုံးစွဲခွင့်မပြုဘဲ ကျပ်ငွေဖြင့် သာ အသုံးပြုရန်ညွှန်ကြားချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ သည်။ ပြည်သိမ်း

No comments:

Post a Comment