Saturday, November 19, 2016

တပ်မတော်ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများက ပေးပို့လှူဒါန်းသည့် ပစ္စည်းများ စစ်တွေမြို့သို့ရောက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအတွက် အနယ်နယ် အရပ်ရပ်မှ ပြည်သူများက စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးပို့လှူဒါန်းလျက်ရှိရာ အဆိုပါပစ္စည်းများအနက်မှ ဆန် ၆၉၈ အိတ်၊ ကော်ဖီမစ် ၃၁၁ ဖာ၊ ငါးသေတ္တာ ၂၂၅၅ ဘူး၊ ခေါက်ဆွဲခြောက်ဖာအကြီး လေးဖာ၊ အချိုရည် ရှစ်ကတ်၊ ဆီ ၅၀ ကျပ်သားပါ ငါးဘူးနှင့် ၂ ဒသမ ၅ ပိဿာပုံး နှစ်ပုံး၊ မုန့်တစ်ပုံး၊ မုန့်ခြောက်တစ်ထုပ်၊ ကြက်သွန်နီ ၃၇၅ ပိဿာ၊ အာလူး ၅၀၀ ပိဿာ၊ ဆေးမျိုးစုံ တစ်ထုပ်၊ စာအုပ်တစ်ထုပ်၊ ရေဒီယိုကက်ဆက် တစ်လုံး၊ တီရှပ်အင်္ကျီ ၄၀၀ ထည်၊ ကျားဝတ် အတွင်းခံဘောင်းဘီ ၁၀၀၀ ထည်၊ Lion Battery (4 Mah 12 V) ၅၀ လုံး၊ ဆေးပေါ့လိပ်ပီနံအိတ် တစ်အိတ်၊ ပစ္စည်းစုံဂျပ်ဖာအသေး ၅၉ ဖာ၊ ပစ္စည်းစုံပီနံအိတ် လေးအိတ်နှင့် ငါးခြောက် ၁၂၀ ပိဿာတို့အား နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ တပ်မတော်ရေ ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ ယနေ့နေ့လယ်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိသည်။ အဆိုပါလှူဒါန်းပစ္စည်းများအား စစ်တွေမြို့မှ ဆက်လက်ပို့ဆောင် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment