Friday, November 25, 2016

ဆိုင်ကယ်ချင်းယှဉ်မောင်းပြီး ပိုက်ဆံအိတ်လုသည့် တရားခံ နှစ်ဦးအား လုပြီးမောင်းပြေးလာစဉ် ဆိုင်ကယ်တိုက်မှု့ ဖြစ်ပွားပြီး ဖမ်းဆီးရမိ

24.11.2016 ရက်နေ့ မွန်းလွဲ (1:30) အချိန်ခန့် မော်လမြိုင်မြို့ ဒေါင်းဇရပ် မြတ်မေတ္တာမွန် ဆီဆိုင်လမ်းဆုံတွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုပြီး မောင်းနှင် ထွက်ပြေးလာသည့် ဆိုင်ကယ်သည် တက္ကစီသမား တစ်ဦး၏ဆိုင်ကယ်အား ဝင်တိုက်မိပြီး တိမ်းမှောက်ရာမှ တာဝန်သိ ပြည်သူများ ဝိုင်ဖမ်းမိ ခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါသည်။ြ ဖစ်စဉ်မှာ လုယက်သူ တရားခံနှစ်ဦး ဖြစ်သော မျိုးဇော် (၁၆)နှစ် (ဘ) ဦးမျိုးမြင့်၊ ပန်းရံလုပ်၊ စံပါယ် (၄)လမ်း ဇေယျာသီရိရပ် နေသူနှင့် ချမ်းသာ (၂၈)နှစ်၊ (ဘ) ဦးထွန်းကြည် ရတနာမွန်ဆိုင်းဝိုင်း လိုက်တီးသူ၊ ဇေယျာ (၃) ဦးမန်းနီးခြံဝင်း နေထိုင်သူ တို့နှစ်ဦးသည် တောင်ဝိုင်း (လေယာဉ်ကွင်း) လမ်းတွင် အမျိုးသမီးကြီးတစ်ဦး စီးလာသည့် ဆိုင်ကယ်အား ယှဉ်မောင်း၍ ပိုက်ဆံအိတ် လုယူပြီး မောင်းနှင် ထွက်ပြေးစဉ် ဒေါင်းဇရပ် လမ်းဆုံ အရောက် ဆိုင်ကယ်တက္ကစီသမား တစ်ဦး၏ ဆိုင်ကယ်အား တိုက်မိပြီး တိမ်းမှောက်သဖြင့် တာဝန်သိ ပြည်သူများမှ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရပါသည်။

ယာဉ်တိုက်မှု့ကြောင့် ဆိုင်ကယ်တက္ကစီသမားတွင် မျက်နှာ နှင့် ခန္ဓာကိုယ်အနှံ့အပြား ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး လုယက်သူ နှစ်ဦးလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြပါသည်။ ဖုန်းသတင်း ရရခြင်း မြန်မာနိုင်ငံ လူမှု့ကယ်ဆယ်ရေး မော်လမြိုင် Rescue အဖွဲ့မှ ထွက်ခွာခဲ့ပြီး ဒဏ်ရာရ လူနာ သုံးဦးအား ကနဦး ပြုစုကုသမှု့များ ဆောင်ရွက်ပေးကာ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ပါသည်။
ထို့နောက် တရားခံများအား ရဲလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့ နှင့် မုပွန်ရဲစခန်းထံသို့ အကြောင်းကြား ဆက်သွယ် လွှဲပြောင်း ပေးခဲ့ပြီး မုပွန်ရဲစခန်းမှ ဂွင်းဆက်အမှု့များ အား ထပ်မံ စစ်ဆေးဖော်ထုတ်လျှက် ရှိကြောင်း သိရှိရပါသည်။
Zin Moe

No comments:

Post a Comment