Thursday, November 24, 2016

အနုပညာသမား ဖြစ်တဲ့အတွက် စိတ်ခံစားမှုကတော့ ၅ဝ၊ ၅ဝ စီပဲ ထားပါတယ်ဆိုတဲ့ ခင်ဝင့်ဝါ

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတယ်ဆိုတဲ့ သရုပ် ဆောင် မော်ဒယ်ခင်ဝင့်ဝါက လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အခုလိုပြောပြာခဲ့ပါတယ်။  ''ညီမက အခုကတော့ ဒါရိုက်တာကျော်ဇောလင်းရိုက်တဲ့ 'ဖက်ရှင်'ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေတယ်။ ပါဝင်တဲ့ညီမ ကာရိုက်တာက Miss တစ်ယောက်ဖြစ်ချင်တယ်။ Model ပေါက်စပေါ့ နော်။ အဲဒီ လိုနေရာကနေ သရုပ်ဆောင်ထားတယ်။ ဒီဇာတ်ကားလေးထဲမှာ ညီမနာမည်က ဝင့်ဝါချစ်ပါ။ ဒီကားပြီးရင် နောက်ထပ် ရုပ်ရှင်ကားကြီးတွေရိုက်ဖို့လည်းရှိပါတယ်။ ပြီးရင် ကြော်ငြာတွေလည်းရိုက်ဖို့ရှိတယ်။ အနုပညာလှုပ်ရှားမှုတွေပဲ ဆက်တိုက်လုပ်ဖြစ်နေ မှာပါ။ ညီမက ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးလာပြီ၊ အောင် မြင်လာပြီလို့လည်းမခံယူထားဘူး။ ဘာလို့လဲဆိုတော့ အခုမှကြိုးစားနေ တုန်းဆိုတော့ သက်တမ်းအားဖြင့်လည်း နုတယ်။ ဝါလည်းနုသေးတဲ့အတွက် အများ ကြီးကြိုးစားရဦးမှာပါ။ ပရိသတ်တွေက အနုပညာရှင်တွေအပေါ် ဝေဖန်မှုတွေကို ကောင်းတာလည်းခံနိုင်ရမယ်။ ဆိုးတာလည်းခံနိုင်ရမယ်။ ဘာလို့လဲဆိုတော့ အနုပညာသမားဖြစ်တဲ့အတွက် စိတ်ခံစားမှုက တော့ ၅ဝ၊ ၅ဝ စီပဲထားပါတယ်။ ညီမအနေနဲ့ ပရိသတ်ကြီးဝေဖန်တာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် အလေးထားပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး ပြုပြင်ပါတယ်။ ညီမကြိုးစားနေတဲ့အတွက်ကြောင့် ပရိသတ်တွေ အနေနဲ့လည်း အားပေးကြပါ။ အကြံဥာဏ်ပေးပါလို့ တောင်းဆိုချင်ပါတယ်''

No comments:

Post a Comment