Saturday, November 19, 2016

နည်းပညာ တက္ကသိုလ်များတွင် ပိုမိုထိရောက်စွာ သင်နိုင်ရန် ဘာသာရပ်အချို့ကို ပေါင်းစည်းခြင်းများ ဆောင်ရွက်ခဲ့ဟု ဒုဝန်ကြီး ဆို

ပြည်နည်း ပညာတက္ကသိုလ်တွင် ဘာသာရပ်သုံးခုကို ခေါ်ယူသင်ကြားခြင်းမရှိသည်မှာ နှစ်နှစ်အထိ ရှိနေပြီဖြစ်ကြောင်းသိရ သည်။ ပဲခူးတိုင်းဒေသကြီး ပြည်နည်း ပညာတက္ကသိုလ်တွင် ယခင်ကဘာ သာရပ်ခုနစ်ခုကို ဖွင့်လှစ်သင်ကြား ပေးနေပြီး ယခုအခါ IT, Mc, Petroleum မေဂျာများကို ပထမနှစ်သင်တန်းများအဖြစ် ခေါ်ယူခြင်းမရှိသည်မှာ နှစ်နှစ်အထိရှိနေပြီဖြစ်ကြောင်း၊ အဆိုပါဘာသာရပ်သုံးခုအတွက် လက် တွေ့ခန်းသုံး ပစ္စည်းများ၊ ဆရာ၊ ဆရာမများ၊ စာသင်ခန်းများ အလုံအလောက် ရှိနေသော်လည်း ဖွင့်လှစ်ခြင်းမရှိသည့်အတွက် တက်ရောက်လိုသောကျောင်း သားကျောင်းသူများမှ အခြားဝေးလံ သောနေရာများတွင် သွားရောက် ပညာသင်ကြားနေရကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင် စိုးစိုးကြည်က နိုဝင်ဘာ၁၇ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အ စည်းအဝေးတွင် မေးခွန်းမေးမြန်းကာ အခြေအနေကိုတင်ပြ ခဲ့သည်။



''တက်ရောက်ချင်တဲ့ကျောင်းသားတွေက တခြားဝေးလံတဲ့နေရာ တွေမှာ သွားပြီးတက်ရောက်နေရပါတယ်။ ရှေ့အဆက်ဆက်ကဖွင့်လှစ်ခဲ့တဲ့မေဂျာတွေကို မည်သည့်အခက်အခဲကြောင့် ပထမနှစ်ကျောင်းသား တွေခေါ် ယူခြင်းမရှိတာကိုလည်း သိလိုပါတယ်။ ဒါ့အပြင် ပြည်နည်းပညာ တက္ကသိုလ်မှာ အခြားနည်းပညာတက္က သိုလ်တွေမှာဖွင့်လှစ်တဲ့ ခေတ်နဲ့လျော် ညီတဲ့ဘာသာရပ်တွေကို ဖွင့်လှစ်ဖို့ ဆရာ၊ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊ ဒေသခံများက တင်ပြ တောင်းဆိုလာကြပါတယ်''ဟု ပြည်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် ကပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ် ခင်စိုးစိုးကြည် မေးမြန်းသော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နည်း ပညာတက္ကသိုလ်တွင် ပထမနှစ်ကျောင်း သားခေါ်ယူခြင်းမရှိသည်မှာ နှစ်နှစ် ကြာရှိပြီဖြစ်သည့် IT, Mc, Petroleum  မေဂျာများကို ပြန်လည်ခေါ် ယူ ပေးရန်နှင့် ခေတ်နှင့်လျော်ညီသော မေဂျာများဖွင့်လှစ်ပေးသွားရန် အစီအစဉ်ရှိ မရှိ မေးမြန်းသည့်မေးခွန်း အပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြန်လည်ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။


ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း ပြန်လည်ရှင်းလင်းသည်မှာ ''၁၉၅၄ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ ၁၉၈ဝ ဝန်းကျင်ကစတင်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးနည်းပညာတက္ကသိုလ်တွေဟာ အထူး ပြည့် စုံအောင်ဖြည့်ဆည်းဖို့ ဘဏ္ဍာ နှစ်အလိုက် မနည်းပင်ဆောင်ရွက်ရ တာဖြစ်ပါတယ်။ ဒီအတွက်နည်းပညာ တက္ကသိုလ်တွေမှာ ပိုမိုထိရောက်စွာ သင်နိုင်ဖို့ ဘာသာရပ်အချို့ကိုပေါင်း စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တင်ပြလိုပါတယ်။ ကျောင်းသားကျောင်းသူတွေကို ထိရောက်စွာသင်ကြားဖို့အတွက် နည်းပညာတက္ကသိုလ်တွေကို ပူးပေါင်းပြီးသင်ကြားခဲ့တာဖြစ်ပါတယ်။ ဖျက်သိမ်းတာမဟုတ်ဘဲ ပူး ပေါင်းတာသာဖြစ်ပါတယ်''ဟုပြော ကြားခဲ့သည်။ ပြည်နည်းပညာတက္ကသိုလ်တွင် ၂ဝ၁၂-၁၃ပညာသင်နှစ်၌ Petroleum မေဂျာကို မိန်းကလေးများပါ ခေါ်ယူသင်ကြားပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment