Monday, November 21, 2016

မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက်ပိုင်းသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်၊ အရပ်သားအပါအဝင် ကိုးဦးသေ၊ ၂၉ ဦးဒဏ်ရာရ

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိမူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများကို ကေအိုင် အေဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ အရပ်သား လေးဦး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦး စုစုပေါင်း ကိုးဦး သေဆုံးကာ ၂၉ ဦးဒဏ်ရာရရှိခဲ့သည်။ြ မန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့တော်ဖြစ်သော မူ ဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်အပါအဝင် ကွတ်ခိုင်၊ ကြူ ကုတ်၊ ပန်ဆိုင်းနှင့် မုံကိုးဒေသ များရှိ တပ်မတော်နှင့်ရဲစခန်းများ စုစုပေါင်း နေရာရှစ်နေရာသို့ ကေအိုင်အေ၊ တအာင်း (TNLA)၊ ကိုးကန့်(MNDAA) ပူးပေါင်းအဖွဲ့ များက နိုဝင်ဘာ ၂၀ ရက် နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ နံနက် ၂ နာရီခန့်ကစ၍ ၆ နာရီခွဲ အထိ အဆိုပါနေရာများသို့ တိုက် ခိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ကွတ်ခိုင်နှင့် သိန်းနီမြို့နယ်ရှိ တံတားနှစ်စင်းကိုလည်း ဖောက်ခွဲခဲ့ သည်။


KIA (ကချင်)၊ TNLA (တအာင်း၊ ပလောင်)နှင့် MNDAA ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်ကစ၍ မူဆယ်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တို့ကို အလစ်အငိုက် ရယူ၍ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် တပ်မတော်က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီအထိ ထိခိုက်သေဆုံး ဒဏ်ရာရရှိသူ စာရင်းကို နိုင်ငံတော်အတိုင်ပင် ခံရုံးက သတင်းထုတ်ပြန်ရာ တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့မှ သုံးဦး၊ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အရပ်သားသုံးဦးသေ ဆုံးကာ စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့
ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် အရပ်သား ၁၈ ဦး၊ ရဲတပ်ဖွဲ့ဝင်ကိုးဦးနှင့် အကောက်ခွန်ဝန်ထမ်းနှစ်ဦး စုစုပေါင်း ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။ သို့သော် ဒဏ်ရာရရှိပြီး ရွှေလီသို့ သွားရောက်ဆေးကုသနေသော အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ယမန်နေ့ညတွင် နောက်ဆုံးသတင်းရရှိသည်။
‘‘ဒီနေ့ညနေ ဟိုဘက်(တရုတ်နိုင်ငံ)ကို သွားလိုက်တဲ့ အမျိုးသမီးကလည်း ဆုံးသွားပြီ။ ကျွန်တော်တို့ဆေးရုံကနေ ဟိုဘက်နိုင်ငံကို သွားကုတာ။ ဒီဘက်က လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ သူတို့ မိသားစုဝင်တွေက ဟိုဘက်ကမ်းကို ခေါ်သွားချင်တယ်ဆိုလို့။ ဒါပေမဲ့ ခေါင်းကို ညာဘက် နထင်အပေါ်ပိုင်းကို လက်နက်ကြီးမှန်တာဆိုတော့ ဆုံးသွားတာ။ အလောင်းကိုတော့ ဒီဘက်ပြန်သယ်လာပြီ။ ဆေးရုံးရင်ခွဲရုံမှာပဲထားတာ။ အလောင်းက ရှစ်နာရီလောက် ရောက်လာတာပေါ့’’ ဟု မူဆယ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက် ည ၁၁နာရီခန့်တွင် ပြောကြားသည်။
ထို့ကြောင့် သေဆုံးသူ ကိုးဦးရှိပြီး အမျိုးသမီးနှစ်ဦး ပါဝင်သည်။ သေဆုံးခဲ့သော အမျိုးသမီး၌ ကလေးငယ်နှစ်ဦးနှင့် ခင်ပွန်းတို့ ကျန်ရစ်ခဲ့ကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများမှ သတင်းရရှိသည်။
‘‘ဒဏ်ရာရတဲ့လူတွေက မ နက် ၇ နာရီလောက်မှာ စရောက် လာတယ်။ ရောက်လာပြီးတော့ ကျွန်တော်တို့ကို ၁၀ နာရီဝန်းကျင် လောက်အထိ ကျွန်တော်တို့ မူ ဆယ်ဆေးရုံမှာ လူနာတွေကြည့် တယ်။ ကြည့်ပြီးတော့ (၁၀၅)မိုင် မှာ ကျန်တဲ့လူနာတွေကို ဒီက ပရ ဟိတအဖွဲ့နဲ့ ကျန်းမာရေးဌာန နှစ် ဖွဲ့ပေါင်းပြီးတော့ သွားပြီးတော့ ဒဏ်ရာရတဲ့သူတွေကို အရင်ဆွဲ ထုတ်တယ်။ ဌာနဆိုင်ရာ ခြောက် ယောက်ပါတယ်။ ပြည်သူရော အားလုံး ၂၇ ယောက်ဒဏ်ရာရ တာကို ကျွန်တော်တို့က သွားဆွဲ ထုတ်လာတာ။ ၂၇ ယောက်ဆို တာက (၁၀၅) မိုင်တိုက်ပွဲက။ မုံးပေါ်ဘက်က လာတာက သုံး ယောက်၊ အားလုံး ၃၀ မှာ (၁၀၅) မိုင်မှာ ဖြစ်တဲ့ဟာက နှစ်ယောက် သေတယ်။ ပြည်သူ့စစ်က တစ် ယောက်သေတယ်။ ၃၀ မှာ အရပ်သား ၂၄ ဦး၊ အစိုးရက ခြောက် ဦး’’ဟု အရေးပေါ်လူနာတင်ယာဉ် မောင်းတစ်ဦးက ပြောသည်။
‘‘မနက် ၂ နာရီလောက်က စပြီး လက်နက်ကြီးသံကြားရတာ။ အဲဒီကနေ ရပ်ပြီး မနက်မှာစပြီး တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တာ တော်တော်ဆိုးပါတယ်။ အခု အ စိုးရက ဘယ်လက်နက်ကိုင်အဖွဲ့ ဆိုတာ ကြေညာတယ်။ ဘာပဲဖြစ် ဖြစ် ဒီလုပ်ရပ်ကို ရှုတ်ချပါတယ်။ အပြစ်မဲ့အရပ်သားတွေ သေသလို ဒဏ်ရာတွေ ရကြတယ်’’ဟု ကယ် ဆယ်ရေးလုပ်နေသော ရှမ်းပြည် နယ် မြောက်ပိုင်းဒေသအခြေစိုက် လူမှုရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ဒဏ်ရာပြင်းထန်သူ ရဲတပ် ဖွဲ့ဝင်ခြောက်ဦးနှင့် အရပ်သား အမျိုးသမီးတစ်ဦးကို တပ်မတော် ရဟတ်ယာဉ်ဖြင့် မူဆယ်မြို့မှ လားရှိုးမြို့သို့ ဆေးဝါးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
KIA ၊ MNDAA အဖွဲ့မှ အ လောင်းအချို့ သိမ်းဆည်းရမိခဲ့ ကာ အချို့ကို ဒဏ်ရာဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်းလည်း ပါရှိသည်။
ထို့အပြင် ရဲတပ်ဖွဲ့က လက် နက်ရှစ်လက် ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ဆို သည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် မူဆယ်မြို့ဝင် လုံခြုံရေးရဲကင်း၊ (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်အနီးရှိ တပ်စခန်း ကုန်း၊ မုံကိုးမြို့ နယ်မြေရဲစခန်း အရှေ့ဘက်ရှိ တပ်စခန်းကုန်း၊ ဖောင်းဆိုင်၊ မန်ကန်စခန်း၊ ပန် ဆိုင်းနယ်မြေရဲစခန်းနှင့် တပ်မ တော် တပ်စခန်းကုန်း၊ နန့်ပေါ် တံတားလုံခြုံရေး ရဲကင်း၊ ပန်ဆန်း မောင်းတံဂိတ်နှင့် ဟိုနောင်ရဲကင်း များ တိုက်ခိုက်ခံခဲ့ရကြောင်း ဖော် ပြထားသည်။
တပ်မတော်၏ ထုတ်ပြန် ချက်တွင် သက်ဆိုင်ရာတပ်စခန်း အသီးသီးက ပြန်လည်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြောင်းနှင့်ယင်းဖြစ် စဉ်များအတွင်း တစ်ဖက်လက် နက်ကိုင်အဖွဲ့များက မူဆယ်နှင့် ကွတ်ခိုင်အကြား မိုင်တိုင်အမှတ် (၂၅၉)အနီးရှိ ကွန်ကရစ်တံတား၊ နန့်ပေါ်တံတားများကို ဖောက်ခွဲ ခဲ့ပြီး သိန်းနီမြို့ နမ္မတူတံတားပေါ် ၌ ရပ်တန့်ထားသည့် ပါဂျဲရိုး ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား ရာမှ တံတားပျက်စီးခဲ့ကြောင်း ဖော်ပြသည်။ ထို့အပြင် TNLA အဖွဲ့က လားရှိုး- မူဆယ် ပြည် ထောင်စုလမ်းမကြီးကို ကွတ်ခိုင် မြို့ မြောက်ဘက်ခြမ်းတွင် ယာဉ်ကြီးများဖြင့် ပိတ်ဆို့ထား၍ တပ်မတော်စစ်ကြောင်းများက သွား ရောက်ရှင်းလင်းခဲ့ကြောင်း ဆို သည်။
တိုက်ပွဲ ဖြစ်စဉ်များအနက် ကြူကုတ် (ပန်ဆိုင်း)၊ မုံကိုးနှင့် မန်ကန်စခန်းများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ကျန် စခန်းများ၌ လက်နက်ကိုင်အဖွဲ့ များ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
တပ်မတော်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်းက ‘‘သေချာတာ ပြောလို့ရတာတစ်ခု က သူတို့ဘက်က စပြီး လုပ်တာပါ။ ဒီဖြစ်စဉ်တွေက’’ ဟု နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက 7Day Dailyအား ပြောကြားသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး ကို အထူးလိုလားပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်း အရ တွေ့ဆုံဖြေရှင်းရန် ဆန္ဒရှိ သော်လည်း မြန်မာ့တပ်မတော်၏ စစ်ရေးဖိအားကြောင့် ယခုကဲ့သို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမျိုး ကို မလွှဲမရှောင်သာ ပြုလုပ်ရခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက် တွင် သတင်းထုတ်ပြန်သည်။
‘‘ကျွန်တော်တို့ လေးဖွဲ့ပူး ပေါင်းပြီး ဆောင်ရွက်တဲ့ စစ်ဆင် ရေးတစ်ခုဖြစ်ပါတယ်’’ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ် မှူးကြီး တာ့ဘုန်းကျော်က ပြော ကြားသည်။
စစ်ရေးဖိအားများနှင့် ဒေသ အခြေအနေမှန်ကို နိုင်ငံတကာက ပါ သိရှိစေရန် ပူးပေါင်းစစ်ဆင် ရေးပြုလုပ်ခြင်းဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ဆိုသည်။
ထို့အပြင် မြောက်ပိုင်းမဟာ မိတ်အဖွဲ့က နိုဝင်ဘာ ၂၀ ရက် တိုက်ပွဲများနှင့်ပတ်သက်၍ ရှင်းလင်းချက်နှင့် မေတ္တာရပ်ခံချက် ထုတ်ပြန်ရာတွင် စစ်ရေးလှုပ်ရှား မှုကာလအတွင်း စစ်ဘေးဒဏ်မှ ရှောင်ရှားနိုင်ရန် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ခရီးသွားလာခြင်း များ ခေတ္တဆိုင်းငံ့ကြပါရန် ပြည်သူလူထုအား မေတ္တာရပ်ခံပန်ကြား အပ်ကြောင်း ဖော်ပြထားသည်။
ယင်းရှင်းလင်းချက်နှင့်ပတ် သက်၍ အသေးစိတ် ထပ်မံအ တည်ပြုရန် မြောက်ပိုင်းမဟာမိတ် အဖွဲ့က ကေအိုင်အိုနှင့် TNLA ပြောရေးဆိုခွင့်ရှိသူများထံ ဆက် သွယ်သော်လည်း အဆက်အ သွယ် မရရှိခဲ့ပေ။
ကေအိုင်အို အလုပ်အဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦး ဒေါင်ခါးက ‘‘တိုက်ပွဲဖြစ်တဲ့ဟာ သေချာပေမယ့် ဘယ်ပုံစံနဲ့ ဖြစ် တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ က စစ်ရုံးချုပ်က မပို့သေးရင် ပြောလို့မရဘူးပေါ့’’ဟု ပြောသည်။
နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က မန်ကန်စခန်းတိုက်ပွဲ ဖြစ်စဉ်တွင် လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့ရပြီး မုံကိုးနှင့် မန်ကန်စခန်းများ၌ ကြိုးကြားတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း တပ်မတော်က နိုဝင်ဘာ ၂၀ ရက်ည၌ သတင်းထုတ်ပြန်သည်။
ထို့အပြင် နိုဝင်ဘာ ၂၀ ရက် တွင် ကေအိုင်အေဂီဒွန်စခန်းဝန်း ကျင်၌လည်း မြန်မာ့တပ်မတော် နှင့်တိုက်ပွဲအချို့ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment