Monday, November 28, 2016

နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံခြင်းနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း ဆိုင်ရာ ကမ္ဘာ့အလှမယ်ပြိုင်ပွဲသို့ မြန်မာအလှမယ် ခင်အင်ကြင်းကျော် ကိုယ်စားပြုယှဉ်ပြိုင်မည်

နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ယှဉ်ပြိုင်ကျင်းပမည့်Miss Tourism Queen of the Year International 2016 ပြိုင်ပွဲသို့ က္ဘာ့နိုင်ငံပေါင်း ၈၅ နိုင်ငံမှ အလှမယ် ၈၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခင်အင်ကြင်းကျော်က သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ¤င်းသည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြိုင်ပွဲကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့ ခရီးသွားကဏ္ဍမြင့်မားလာစေရန် ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ၁၉၉၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၂၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နိုင်ငံပေါင်းများစွာ ပူးပေါင်းပါဝင်ခြင်းဖြင့် က္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲတစ်ခု အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ပထမအကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်အတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးဖို့အတွက်ရော တခြားနိုင်ငံတွေက ခရီးသွားလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့အတွက်ပါ အများကြီး လေ့လာထားပါတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံရဲ့ မပျက်စီးသေးတဲ့ သဘာဝဂေဟစနစ်တွေ၊ တောတောင်ရေမြေ သဘာဝနဲ့ ယဉ်ကျေးမှု၊ အနုသုခုမတွေ၊ ကျေးလက်လူနေမှုဘဝတွေကို ဖော်ထုတ်ပြသ သွားဖို့ ရှိပါတယ်။ ပြိုင်ပွဲကာလက ရက်ရှည်ကျင်းပတာဖြစ်ပြီး အလှအပ၊ ကျန်းမာကြံ့ခိုင် မှု၊ လူအများနဲ့ ပေါင်းသင်းဆက်ဆံရာမှာ သဟဇာတဖြစ်မှု၊ မိမိနိုင်ငံအကြောင်းတွေ ကို ဖော်ထုတ်တင်ပြနိုင်မှုတွေအပေါ်မှာ အကဲဖြတ်၊ အမှတ်ပေးမယ်လို့ သိရပါတယ်။ ကြိုတင်ပြင်ဆင်ထားသလို ပြိုင်ပွဲအတွက်လည်း ရင်ခုန်မိတယ်'' ဟု ခင်အင်ကြင်းကျော် က ပြောကြားသည်။
ပြိုင်ပွဲကာလအတွင်း ဒီဇင်ဘာလဆန်းမှ ၁၄ ရက်အထိ လေ့လာရေးခရီးများ၊ တက်ကြွလှုပ်ရှားမှုများနှင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ကြိုတင်အကဲဖြတ်အမှတ်ပေးခြင်း၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အတွင်း အကြိုလေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲသေးများ ယှဉ်ပြိုင်ခြင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင်Tourism Queen of theYear International ပြိုင်ပွဲကြီး ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်က ပြောကြားသည်။
ခင်အင်ကြင်းကျော်သည် Auto Mobile Cover ဆု၊ Miss Golden Land Myanmar 2015 ၏ Media Award ကြေးဆု၊Talent ဆု၊Miss International Myanmar 2015၏ Top 5 Talent ၊ Miss Capital 2016 ၏ Best Performance Award နှင့် Sport Wear Award ဆု၊ Miss Body Beauty ဆု၊ Miss Asia Myanmar 2015 Photogenic Award တို့ကို ရရှိထားပြီးStyle Plus H မှ မလှနုထွန်း၏ စီစဉ်မှုဖြင့်Tourism Queen of the Year International Myanmar အဖြစ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ သွန်းဝဿန်

No comments:

Post a Comment