Monday, November 28, 2016

သင်္ဃန်းကျွန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၆ ရက်က သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ကောင်းကြိုက်ဒံပေါက်ဆိုင်ရှေ့တွင် တွေ့ရှိသူ မဝေဝေနှင်း အား ရှာဖွေရာ ၎င်းကိုင်ထားသည့် ချောကလက်ဘူးအတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၃ ဂရမ် သိမ်းဆည်း ရမိပြီး ၎င်းနေထိုင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်၊ (C) ဘလောက်၊ အင်ကြင်းလမ်း နေအိမ်ကိုသွားရောက်ရှာဖွေရာ မမြတ်စုမာ အားတွေ့ရပြီး အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝ ပြား နှင့် ဘိန်းဖြူ ၁၄ဝ ဒသမ ၉ ဂရမ် တို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့် မဝေဝေနှင်း(၃၈)နှစ်နှင့် မမြတ်ဆုမာ(၄၁) နှစ် တို့နှစ်ဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment