Thursday, November 17, 2016

"ဒီနွေမှာ တူရကီလျပ်စစ်သဘောင်္နဲ့ ရန်ကုန်ကို မီးပေးမယ်"

နွေရာသီမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရှိနေတဲ့ ရန်ကုန်မြို့အတွက် လာမယ့် ၂၀၁၇ခုနှစ်ကစပြီး လျှပ်စစ် ဓာတ်အားပေးဖို့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးဌာနနဲ့ တူရကီ ကာရာဒန်းနစ်ကုမ္ပဏီတို့ သဘောတူညီမှု ရထားပါတယ်။ ကာရာဒန်းနစ်လျှပ်စစ်ဓာတ်အားပေး သင်္ဘောအနေနဲ့ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ၃၀၀မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်အားခကောက်ခံမှုကတော့ ၁ယူနစ်ကို ခန့်မှန်း ချက်အနေနဲ့ မြန်မာကျပ် ၁၄၀ နီးပါးနဲ့ ကောက်ခံဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ကာရာဒန်းနစ် လျှပ်စစ်ဓာတ်အားပေး သင်္ဘောတွေကို အင်ဒိုနီးရှား၊ ဂါနာ၊ လက်ဘနွန်၊ အီရတ်တို့မှာ အသုံးပြုနေပါတယ်။ ဒီသင်္ဘောမိတ်ဆက်ပွဲကို တော့ နိုဝင်ဘာ၁၃ရက်က တူရကီနိုင်ငံ အစ္စတန်ဘူမြို့က တူဇလာဆီဒတ် သင်္ဘောကျင်းမှာ ကျင်းပခဲ့ပါတယ်။

No comments:

Post a Comment