Sunday, November 20, 2016

သင်္ဘောသားကျွမ်းကျင်မှု လက်မှတ်သင်တန်းကျောင်းများကို အင်္ဂလန်ရေကြောင်းအဖွဲ့စစ်ဆေး


 မြန်မာနိုင်ငံရှိ သင်္ဘော သားကျွမ်းကျင်မှု လက်မှတ်သင် တန်းကျောင်းများကို အင်္ဂလန်အ ခြေစိုက်ရေကြောင်းအဖွဲ့အစည်း က လာရောက်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။   အင်္ဂလန်အခြေစိုက် ရေ ကြောင်းအဖွဲ့အစည်းက သင်္ဘော သားကျွမ်းကျင်မှုလက်မှတ်သင် တန်းကျောင်းများကို STCW Con-vention Code ပါ လိုအပ်ချက် များ၊ နိုင်ငံတကာအဆင့်မီ ကျွမ်း ကျင်မှုလက်မှတ်ထုတ်ပေးရေး၊ ကျွမ်းကျင်မှုစာမေးပွဲဝင် သင်တန်းသားများအတွက် လိုအပ်သော အရည်အချင်းများနှင့် လျှောက် လွှာများစိစစ်လက်ခံခြင်း၊ နိုင်ငံ တကာကျင့်ထုံးနှင့်အညီ လိုက်နာ  ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ IMO Model Course များ အတွက် စီစဉ်ရန်လိုအပ်ချက်များ စသည့်အချက်များကို လာရောက် စစ်ဆေးခဲ့သည်ဟု ရေကြောင်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးသက်ဌေး က ပြောသည်။


 သင်္ဘောသား ကျွမ်းကျင်မှု လက်မှတ်သင်တန်းကျောင်းများ အား စစ်ဆေး၍ ရလဒ်များကို ကမ္ဘာ့ရေကြောင်းအဖွဲ့အစည်း (IMO) သို့ ၂၀၁၇ တွင် အစီရင်ခံစာတင် သွင်းမည်ဟု ဆိုသည်။

‘‘စစ်ဆေးတဲ့ ရလဒ်ကတော့ မထွက်သေးဘူး။ သင်တန်းကျောင်းတွေမှာ လိုအပ်ချက်ရှိရင်လည်း အကြံပြုချက်တွေပေးမှာ။ ပြီးရင် တော့ လာမယ့်နှစ် IMO အစည်း အဝေးမှာ တင်လိမ့်မယ်’’ဟု ဦး သက်ဌေးက ပြောသည်။

လက်ရှိတွင် တတ်ကျွမ်းမှု (COP)၊ ကျွမ်းကျင်မှု (COC) ဘာ သာရပ်များသင်ကြားသော သင် တန်းကျောင်းများမှာ ရေကြောင်း တက္ကသိုလ်အပါအ၀င် သင်တန်း ကျောင်း ၂၂ ခုရှိပြီး ယင်းအနက် ကျွမ်းကျင်မှုလက်မှတ်သင်တန်း ကျောင်း ခြောက်ခုကို စစ်ဆေးခဲ့ ကြောင်း သိရသည်။ ခိုင်ခိုင်စိုး

No comments:

Post a Comment