Friday, November 25, 2016

စင်ကာပူ-မြန်မာ ဗီဇာကင်းလွတ်ခွင့် ဒီဇင်ဘာ ၁ ရက် စတင်မည်

စင်ကာပူ- မြန်မာ ဗီဇာကင်းလွတ်ခွင့်ကို ဒီဇင် ဘာ ၁ ရက်တွင် စတင်ပြီဖြစ်ကြောင်း စင်ကာပူနိုင် ငံခြားရေး ၀န်ကြီးဌာန မှ ထုတ်ပြန် လိုက်သည်။ြ မန်မာဘက်မှ ဗီဇာ Free ဖြင့် စင်ကာပူသို့လာရောက်သူများသည် မည်သို့သော အချက်အလက်များ လို အပ်ကြောင်းကိုမူ စင်ကာပူဘက်မှ အကြောင်းကြားခြင်းမရှိသေးဟု မြန် မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုဝင် ဘာ ၂၄ ရက်ကသိရသည်။ " ဗီဇာ Free ဆိုတဲ့အတွက် ကြောင့် သူ့နိုင်ငံသွားတဲ့အခါကျရင် တော့ ဗီဇာမလိုတော့ဘူးဆိုတဲ့ သဘောပေါ့။ သို့သော် အဲဒီရောက် တဲ့ အခါကျရင် ကျွန်တော်တို့တွေက ဗီဇာ မလိုပေမယ့် အခြားလိုအပ်ချက်တွေ ကတော့ ပြည့်စုံ ဖို့လိုမယ်ပေါ့။အခြား လိုအပ် ချက်တွေဆိုတာက သူတို့မေး တဲ့ လိုအပ်ချက်တွေပေါ့၊ အလားတူ ပဲ ကိုယ့်နိုင်ငံလာတဲ့အခါလည်း လို တဲ့ အချက်အ လက်တွေမေးမှာပဲ။ဥပမာ ထိုင်း-မြန်မာ ဗီဇာ Free ဆို ရင် အသွားအပြန်လေယာဉ်လက် မှတ်ပါရမယ်။
တည်းမယ့်လိပ်စာအတိ အကျ၊ ရှိုးမန်းနီး ဘယ်လောက်ပြရ မယ်ဆိုတဲ့ သတ်မှတ်ချက်တွေပေါ့။ အဲဒီလိုမျိုး လည်းဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ အတိအကျတော့ သူတို့ လောလော ဆယ်မှာတော့ ဘာတွေ ဘာတွေလို့တော့မပြောသေးဘူး။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ တစ်ဖက်နဲ့ တစ်ဖက် သွားတဲ့အခါကြရင် ဗီဇာ မလိုဘူးဆိုတဲ့သဘောကိုသာ အဓိကရည်မှန်း တဲ့သဘောပါ " ဟု နိုင် ငံခြားရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ဒီမို ကရေစီတူဒေးသို့ နိုဝင်ဘာ ၂၄ ရက် တွင်ပြောသည်။
အဆိုပါဗီဇာကင်းလွတ်ခွင့်ကို ဇွန်လပထမပတ်အတွင်း ချစ်ကြည် ရေး လာရောက်ခဲ့သည့် စင်ကာပူ ၀န်ကြီးချုပ် မစ္စတာလီရှန် လွန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ ပြီးနောက် နှစ်နိုင်ငံ ဗီဇာကင်းလွတ် ခွင့်သဘောတူ ညီချက်ကို နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံ အမတ်ကြီးတို့ လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သိရသည်။
ယင်းဗီဇာကင်းလွတ်ခွင့်မှာ ရက် ၃၀ အထိ နေထိုင်ခွင့်ရရှိမည် ဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မည်သူမဆို ယင်း အခွင့်အရေးကို ရရှိမည်ဖြစ်သည်။
ZCH

No comments:

Post a Comment