Friday, November 18, 2016

ဘူဂေးရီးယား အကြားအမြင်ဆရာမ၏ ဟောကိန်းကြောင့် ဒေါ်နယ်ထရန့်နှင့် ပတ်သက်သည့် စိုးရိမ်စိတ်များ မြင့်တက်

နာမည်ကျော် ဘူဂေးရီးယား အကြားအမြင်ဆရာမ ဘာဘာဗန်ဂါ၏ ဟောကိန်း ကြောင့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်နှင့်ပတ်သတ်သည့် စိုးရိမ်မှုများပေါ် ပေါက်လာလျက်ရှိသည်။ ဘာဘာသည် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု၊ ၂ဝဝ၄ ခုနှစ် Boxing Day ဆူနာမီ နှင့် IS အဖွဲ့ ပေါ်ပေါက်လာခြင်း စသော အကြောင်းအရာများစွာကို မှန်ကန်စွာ ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့သူဖြစ်သည်။ ဘာဘာ သည် ၄၄ ဦးမြောက် အမေရိကန်သမ္မတမှာ လူမည်းဖြစ်မည်ကိုပင် မှန်ကန်စွာ ဟောကိန်း ထုတ်ခဲ့သူဖြစ်ပြီး ထိုဟောကိန်းနှင့်အတူ ၄၄ ဦး မြောက်သည် အမေရိကန်နိုင်ငံ၏ နောက်ဆုံး သမ္မတဖြစ်မည်ဟုလည်း ပြောကြားခဲ့သည်။
ယင်းက သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသည့် ထရန့်မှာ သမ္မတာဝန်ကို ထမ်း ဆောင်နိုင်မည်မဟုတ်ဟု အဓိပ္ပာယ်သက် ရောက်နေသည်။ ထရန့်သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကာ ဘာဘာ၏ ဟောကိန်း ကြောင့် ထိုအချိန်မရောက်မီအတွင်း ထရန့် နှင့်ပတ်သက်၍ တစ်ခုခုဖြစ်လာမည်ကို တချို့ က စိုးရိမ်နေကြသည်။
သမ္မတအဖြစ် စတင် တာဝန်မထမ်းဆောင်ခင် ထရန့်သည် လုပ်ကြံ ခံရနိုင်သည်ဟု ပြောဆိုမှုများလည်းရှိနေကာ ဘာဘာ၏ ဟောကိန်းကိုလည်း အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ စီးပွား ရေးပဋိပက္ခကြောင့် ၄၅ ဦးမြောက် သမ္မတသည် ရာထူးကို ရယူနိုင် လိမ့်မည်မဟုတ်ဟု သူက ဟောကိန်းထုတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၁၂ နှစ်အရွယ်တွင် မျက်စိကွယ်ခဲ့သော ဘာဘာသည် အသက် ၈၅ နှစ်အရွယ် ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူသည် နှစ် ၅ဝ ကျော်ကြာ အကြားအမြင်ပညာရှင် သက်တမ်းအတွင်း ဟောကိန်း ရာပေါင်းများ စွာကို ကြိုတင်ဟောကိန်းထုတ်ခဲ့သူဖြစ်ကာ ယင်းတို့၌ ၂ဝ၁၆ ခုနှစ်တွင် မူဆလင်အစွန်း ရောက်များ ဥရောပသို့ ကျူးကျော်ဝင်ရောက် နိုင်သည်ဆိုသည့်အချက်လည်း ပါဝင်သည်။

No comments:

Post a Comment