Saturday, November 26, 2016

ထိုင်းသို့လာသောမည်သည့်နိုင်ငံခြားသားမဆိုဧည့်စာရင်းတိုင်ရန်

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သားများအပါအ၀င် မည်သည့်နိုင်ငံခြားသားမဆို ထိုင်းနိုင်ငံတွင်
နေထိုင်စဉ် ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ကြောင်းထိုင်းလ၀က က ကြေညာချက်ထုတ်ပြန်လိုက်သည် ။
ထိုင်းလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၃၈ အရ အိမ်ထောင်ဦးစီး ၊ အိမ်ပိုင်ရှင် ၊ဟိုတယ်မန်နေဂျာများသည် ထိုင်းနိုင်ငံတွင်းသို့တရားဝင် ရောက်လာသောနိုင်ငံခြားသားများမိမိတို့အိမ် ၊အဆောက်အဦးတွင်တည်းခိုပါက  လူဝင်မှုကြီးကြပ်ရေးရုံးသို့ ၂၄ နာရီအတွင်းအကြောင်းကြားရမည်ဖြစ်ကြောင်း ၊လိုက်နာမှုမရှိပါက ပုဒ်မ ၃၈ အရ  ဘတ်နှစ်ထောင်ထက်မပိုသောဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး ၊ထိုသူသည်ဟိုတယ်မန်နေဂျာဖြစ်ပါက နှစ်ထောင်ဘတ်မှ  တစ်သောင်းဘတ်အထိ ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားသည် ။
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်ေ ဖာက်ကားမှု၊ လက်နက်ရောင်းဝယ်ဖောက်ကားမှု ၊ အကြမ်းဖက်သမား စသည်ဖြင့်မလိုလားအပ်သည့်အခြေအနေများမကြုံတွေ့ရစေရန် လုံခြုံရေးအရ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း  မဲဆောက်အခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလူပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးကသုံးသပ်သည် ။ "ရောက်နှင့်နေပြီးသာမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေထဲက
ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင် ထားကြသူတွေက ပုံမှန်အတိုင်းရက် ၉၀ပြည့်တိုင်း ဧည့်စာရင်းတိုင်ကြရပါတယ်။ ဒီကြေညာချက်အရဆိုရင် အခုလကစပြီး အသစ်ရောက်ရှိလာတဲ့မည်သည့်နိုင်ငံခြားသားကိုမဆို- ဆိုလိုတာဖြစ်ပါတယ်။ သူတို့ အသစ်တွေကတော့၂၄နာရီအတွင်းလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ အတူသက်ဆိုင်ရာလ၀ကရုံးရှိရင်လ၀ကရုံးမှာ၊ လ၀ကရုံးမရှိရင်နယ်မြေရဲစခန်းမှာဧည့်စာရင်းတိုင်ရပါမယ် " ဟု ၄င်းကပြောသည် ။ MZW

No comments:

Post a Comment