Thursday, November 17, 2016

ငလျင်ဒဏ်သင့် ထီးလိုမင်းလိုဘုရားကို ခွင့်ပြုချက်မရှိ ပြုပြင်ခွင့်ပေးခဲ့သည့် ဂေါပကအဖွဲ့ကို အရေးယူရန်စီစဉ်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းမြို့ရှိ ထီးလိုမင်းလိုဘုရားအား ခွင့်ပြု ချက်မရှိဘဲ ပရဟိတအဖွဲ့တစ်ဖွဲ့ သို့ ပြုပြင်ခွင့်ပေးထား၍ အဆိုပါ ထီးလိုမင်းလိုဘုရား၏ဂေါပကအ ဖွဲ့ကို ဥပဒေနှင့်အညီ အရေးယူ မည်ဖြစ်ကြောင်း ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး(စီမံ) ဦးဇော်ဇော်ထွန်းက ပြောသည်။ ‘‘အရေးယူဖို့အတွက် မြေပြင်မှာ ဥပဒေအကြံပေးတွေတော့ လွှတ်ထားပါပြီ။ ဘောင်ကျော်ပြီး လုပ်တဲ့အတွက် ကျွန်တော်တို့ ဘက်က အရေးယူတာပါ။ ငလျင်လှုပ်ပြီးကတည်းက ဘယ်သူမှ ဘာမှ လုပ်လို့မရပါဘူး။ ယူနက် စကိုနဲ့ ပြည်တွင်း၊ ပြည်ပပညာရှင် တွေနဲ့ ကျွန်တော်တို့ဆီက ပညာ ရှင်တွေနဲ့ အားလုံးနည်းလမ်းတွေ ရှာကြံပြီးမှ ပြင်ပါ့မယ်လို့ ဂေါပက တွေကို အသိပေးပြီးသား ဖြစ်ပါ တယ်’’ဟု ညွှန်ကြားရေးမှူး(စီမံ) ဦးဇော်ဇော်ထွန်းက ပြောသည်။



ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံရှေးဟောင်းစေတီ ပုထိုးများအနက် သာမန်ပျက်စီးမှု များဖြစ်ပွားခဲ့သည့် စေတီပုထိုး အငယ်များကို အလှူရှင်များအား ပြုပြင်တည်ဆောက်လှူဒါန်းခွင့် ပေးမည်ဖြစ်ပြီး ထုထည်နှင့်ဉာဏ် တော်ကြီးမားသည့် နာမည်ကြီး စေတီပုထိုးများကို နိုင်ငံတော်အ စိုးရက တာဝန်ယူပြုပြင်တည် ဆောက်မည်ဖြစ်ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက ပြောကြားသည်။

ထီးလိုမင်းလိုဘုရားအပါအ ဝင် ပထမနှင့် ဒုတိယ ဦးစားပေး စေတီပုထိုး ၈၉ ဆူအား မည်သည့် အဖွဲ့အစည်းကိုမျှ ပြုပြင်ခွင့်ပေး မည်မဟုတ်ဘဲ ဌာနကသာ ပြုပြင် မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

ထီးလိုမင်းလိုဘုရား ပြန်လည်ပြုပြင်ရန် ယင်းဘုရားဂေါပ ကအဖွဲ့ထံ ကျပ် ၁၂၃ သိန်းပေး လှူထားကြောင်း ရွှေပြည်တော် နှင့် ဆုံမှတ်ပရဟိတအဖွဲ့ အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြော သည်။

‘‘ဘုရားကို ပြင်ချင်လို့ စာတင်တာက ငလျင်လှုပ်ပြီး နောက်နေ့ စာတင်တာပဲ။ ထီးလိုမင်းလိုဘု ရားကို ပြင်ချင်လို့ ရှေးဟောင်းကို ပြောတယ်။ ရှေးဟောင်းက သူတို့ က ဂေါပကကို လွှဲထားပြီးပြီ။ ဂေါ ပကနဲ့ညှိလုပ်ကြလို့ပြောတယ်။ ကျွန်တော်တို့က ဘောင်ကျော်ပြီး လုပ်တာ တစ်ခုမှ မရှိဘူး။ ရပြီဆို ပြီးတော့ လုပ်တယ်။ ပြင်တာက ဂေါပကက သူ့ဟာသူကြီးကြပ်ပြီး ပြင်မယ်။ ကျွန်တော်တို့က အလှူ ငွေထည့်တယ်။ ကျွန်တော်တို့က ပီတိနဲ့ ထိုင်ကြည့်နေရုံပဲ။ ကျွန် တော်တို့က အလှူငွေရှာပေးရုံပဲ။ ပြင်တာက ကျွန်တော်တို့ပြင်တာ မဟုတ်ဘူး။ အခုလည်း ပြင်တဲ့အ ပိုင်းကို မရောက်သေးပါဘူး’’ဟု ဦးအောင်ပိုင်မင်းက ပြောသည်။

အဆိုပါထီးလိုမင်းလိုဘုရား တွင် အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အမှူးထားလျက် ထူထောင်ခဲ့ သော ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းက ငလျင်ဒဏ် သင့် ထီးလိုမင်းလို ဂူဘုရားကြီး ကို ခုနစ်ရက်သားသမီးစုပေါင်း အလှူဖြင့် ဘက်စုံပြန်လည်ပြုပြင် ခြင်းလုပ်ငန်းခွင် ဟူသည့်စာသား များရေးသားထားသည့် ဗီနိုင်းကို တပ်ဆင်ထားသည်။

‘‘ကျွန်တော်တို့ကလည်း မိုး ရေတွေ ခံနိုင်အောင်၊ ပြင်ရင် လည်း အဆင်သင့်ဖြစ်အောင် အတွက် လုပ်ပေးတာပါ။ မပြင်ရ သေးပါဘူး။ ငြမ်းဆင်ရုံ ဆင်ရ သေးတာပါ။ ဘုရားကို ပြင်ဖို့အ တွက် ဆုံမှတ်ပရဟိတအဖွဲ့က စာတင်ထားတာပါ။ ပြင်ဖို့ရာအ တွက် အောက်တိုဘာ ၂၇ ရက် လောက်က စတာပေါ့။ ငြမ်းဆင် တာကတော့ စေတနာနဲ့လုပ်တာ ပါ’’ဟု ထီးလိုမင်းလိုဘုရားဂေါပ ကဥက္ကဋ္ဌ ဦးအောင်ကြိုင်က ပြော သည်။

ထိုသို့လုပ်ဆောင်ထားမှုနှင့် ပတ်သက်၍ ပုဂံရှေးဟောင်းသု တေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက် တွင် ထီးလိုမင်းလိုဘုရားသို့သွား ရောက်၍ ဂေါပကအဖွဲ့အား မေး မြန်းကာ ခွင့်ပြုချက်မရှိဘဲ ဆောင် ရွက်မှုများ ပြုလုပ်ခြင်းမပြုရန်၊ ပြည်သူလူထု အထင်လွဲမှားစေ မည့် ကိစ္စများ ပြုလုပ်ခြင်းမပြုရန် ဂေါပကအဖွဲ့အား သတိပေးပြီး ဗီနိုင်းကို ဖယ်ရှားခဲ့ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး

သွားသော ရှေးဟောင်းပုဂံမြို့ တော်ရှိ စေတီပုထိုးများ ပြန်လည် ပြုပြင်မှုကို ၂၀၁၇ ဇန်နဝါရီ ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ် ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး သိန်းလွင်က ပြောသည်။ ငြိမ်းချမ်း

No comments:

Post a Comment