Saturday, November 19, 2016

ဒေါ်လာတန်ဖိုး အတက်အကျများခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခက်တွေ့

ငွေကြေးဈေးကွက်တွင် ရက်ပိုင်းအတွင်း အမေရိကန်ဒေါ် လာတန်ဖိုး အတက်အကျမြန်နေ ခြင်းကြောင့် ကုန်သွယ်ရေးလုပ် ငန်းများတွင် အခက်အခဲဖြစ်နေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။ နိုဝင်ဘာလဆန်းမှစတင်၍ အမေရိကန် ဒေါ်လာ ဈေးနှုန်း ဆက်တိုက်မြင့်တက်နေရာ နိုဝင် ဘာ ၁၇ ရက် ပေါက်ဈေးနှင့်  နှိုင်း ယှဉ်လျှင် တစ်ဒေါ်လာလျှင် ၄၀ ကျပ်ကျော် မြင့်တက်လာသည်။ နိုဝင်ဘာ ၁၇ ရက်တွင် တစ်ဒေါ် လာလျှင် ၁,၃၁၆ ကျပ်သို့ ရောက် လာပြီး ညနေပိုင်းတွင် ၁,၃၁၃ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။ ဈေးကစားမှုကြောင့် ဒေါ်လာဈေး အတက်အကျကြမ်းနေပြီး ကုန် ရောင်းကုန်ဝယ် ပြုလုပ်ရာတွင် ဆုံးရှုံးမည်ကို စိုးရိမ်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။



‘‘ကျွန်တော်တို့အနေနဲ့ ငွေ လဲနှုန်းတည်ငြိမ်တာကိုပဲ တောင်း ဆိုပါတယ်။ အတက်အကျတွေ နဲ့ဆိုရင် မြတ်တာရှိသလို ရှုံးတာ လည်းရှိတော့ လုပ်ရကိုင်ရခက်ခဲ ပါတယ်’’ဟု ဦးမင်းကိုဦးက ပြော ကြားသည်။

ရက်ပိုင်းအတွင်း ငွေလဲနှုန်း အပြောင်းအလဲမြန်ခြင်းသည် စီး ပွားရေးလုပ်ငန်းများတိုးမြှင့်လုပ် ကိုင်ရန်အတွက်လည်း အခက်အ ခဲရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဦးနေလင်းဇင်က ပြောသည်။

ငွေလဲနှုန်း အပြောင်းအလဲ လျင်မြန်ခြင်းသည် လက်ရှိအစိုးရ အတွက် နိုင်ငံစီးပွားရေးတိုးတက် ရန် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။ ရင်းနှီးမြှုပ်နှံမည့်သူများ က ငွေလဲနှုန်းတည်ငြိမ်မှုရှိ၊ မရှိ စောင့်ကြည့်လေ့လာလေ့ရှိကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။

‘‘ဒီရက်ပိုင်းမှ ငွေလဲနှုန်းက ဆက်တိုက်တက်နေတော့ ပြည် တွင်း ရော်ဘာဈေးက မြင့်လာ တယ်။ တစ်ပေါင်ကို ၁၀၀ ကျပ် လောက်တက်တယ်’’ ဟု မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် တင်ပို့သူများအသင်း အတွင်းရေး မှူး ဦးခိုင်မြင့်က ပြောသည်။

တစ်ဖက်တွင် ကျပ်ငွေတန် ဖိုးကျဆင်းကာ ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကြောင့် သွင်းကုန် ပိုင်းတွင် ၀ယ်လိုအားကျဆင်း လာကြောင်း မြန်မာနိုင်ငံ မော် တော်ယာဉ် တင်သွင်းထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

အစိုးရသစ်လက်ထက် ခုနစ် လအတွင်း  အမေရိကန်  တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်ခန့်မှ ၁,၃၁၆ ကျပ်ခန့်သို့ မြင့်တက်လာ သည်။ ထို့ကြောင့် ဒေါ်လာတန်ဖိုး မြင့်တက်လာမှုမှာ ခုနစ်လအ တွင်း ၁၀ ရာခိုင်နှုန်းခန့်ရှိလာပြီး၊ ပြည်တွင်း ၀င်ငွေတိုးမြင့်လာခြင်း မရှိချိန်တွင် ၁၀ ရာခိုင်နှုန်းခန့် ၀ယ်လိုအား ကျဆင်းလာခြင်းပင် ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားသည်။ ပြည်သိမ်း

No comments:

Post a Comment