Wednesday, November 23, 2016

ရှမ်းမြောက်ဒေသ အချို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်

ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်ဒေသတွင် နိုဝင်ဘာ ၂၂ ရက်က တပ်မတော်နှင့် တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစု တို့အကြား နေရာအနှံ့၌ တိုက် ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။ KIA၊ တအာင်းလက်နက် ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက် နက်ကိုင်အဖွဲ့ (MNDAA) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် မူဆယ်ဒေသရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အပါအ၀င် အစိုးရလုံခြုံရေးတပ်စခန်းများကို နိုဝင်ဘာ ၂၀ ရက်က စတင် တိုက် ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်အ ထိ ယင်းဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ‘‘ဒီနေ့တိုက်ပွဲက မနေ့တုန်း က အတိုင်းပဲ မုံးကိုးဘက်မှာ ဆက်ပြင်းနေတုန်းပဲ။ ပန်ဆိုင်းနဲ့ ၁၀၅ မိုင်ကြားထဲမှာတော့ ကြိုး ကြားကြိုးကြား တိုက်ပွဲဖြစ်ပါ တယ်။ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားထဲမှာလည်း ကြိုးကြားကြိုး ကြားတိုက်ပွဲဖြစ်တာတွေရှိတယ်။  ကျွန်တော်တို့အဖွဲ့က လမ်းမှာ စောင့်ပြီး ပစ်တဲ့ဟာတွေ။ ပြီးတော့မန်တုံဘက်မှာ အဲဒီမှာလည်း တိုက်ပွဲတွေ တစ်နေကုန်လုံးပြင်း ပါတယ်’’ဟု TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ ဘုန်းကျော်က နိုဝင်ဘာ ၂၂ ရက် ညနေတွင် ပြောသည်။



နိုဝင်ဘာ ၂၀ ရက် တိုက်ပွဲ ဖြစ်စဉ်များကြောင့် နှစ်ဖက်တပ် ဖွဲ့များအပြင် ဒေသခံပြည်သူလေး ဦးသေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၂၁ ရက် ညတွင် မူဆယ်မြို့အ၀င်၌ အရပ်သားတစ်ဦးပစ် ခတ်ခံခဲ့ရသည်။ ထို့အပြင် စစ်ဘေးဒုက္ခသည်များကို သွားရောက်ခေါ်ဆောင်သည့် လူမှုကူညီရေး အသင်းပိုင် ယာဉ်နှစ်စီးလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ယာဉ်ပေါ်ပါသူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူနိုဝင်ဘာ ၂၁ ရက်ညတွင် လားရှိုး - မူဆယ်လမ်း နမ့်ဖက်ကာနှင့် ကွတ်ခိုင်အကြား မန်လွယ်၌ ကုန်တင်ယာဉ်မောင်း တစ်ဦး သေနတ်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်။ ထို့အပြင် အရပ်သား သုံးဦးလည်း ဒဏ်ရာရရှိခဲ့ ကြောင်း မူဆယ်ဆေးရုံမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘မနေ့က လားရှိုး-မူဆယ် လမ်းမ မန်လွယ်မှာ သေနတ်မှန် တာ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ နောက်ကားလေး ပေါ်က သုံးယောက် ဒဏ်ရာရ တယ်။ တစ်ယောက်က မူဆယ်ရောက်လာတယ်။ နှစ်ယောက်က တော့ ဘယ်ကို ရောက်သွားလဲ မသိဘူး။ ခရီးသည်ကောင်လေး က ညာဘက်လက်မောင်းမှန်တာ။သူကအရဲစွန့်ပြီး မူဆယ်ကို ကား ကြုံနဲ့ လာလို့ ရောက်လာတာ’’ဟု ၎င်းက ဆိုသည်။

KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားများ ထိခိုက်သေဆုံးခဲ့ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မ တီက သတင်းထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသား ဒေသများ တွင် တပ်မတော်က ထိုးစစ်ဆင်မှု များ ပိုမိုပြုလုပ်ကာ စစ်ရေးအရ ဖိအားများ ဆက်တိုက်တိုးလာ၍ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်း စုက  စစ်ဆင်ရေးအဖြစ် စတင်ပူးပေါင်းလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတိုက်ပွဲဖြစ်စဉ်များ၌ အပြစ်မဲ့ ပြည်သူများ အန္တရာယ်ကင်းအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ရန် မှာကြားထားကြောင်း TNLA ဘက်ကဆိုသည်။

‘‘တိုက်ပွဲဖြစ်နေတဲ့ ကာလ အတွင်းကို မြောက်ပိုင်းကို ခရီး မသွားကြပါနဲ့လို့ လူထုကို မေတ္တာရပ်ခံပါတယ်။ မြန်မာ့တပ်မတော် စစ်ကူတွေ အများကြီးတက်လာ တော့ လမ်းမှာ တိုက်ပွဲတွေဖြစ် ကြတော့ ပြည်သူလူထုကို ထိ ခိုက်မှာ စိုးရိမ်တယ်။ တိုက်ပွဲဖြစ် တယ်ဆိုရင် နှစ်ဖက်စလုံး ပစ် တာ။ ဒီပြည်သူလူထုကို ထိမှန်တဲ့ ကျည်က ဘယ်ဘက်က ကျည်လဲ ဆိုတာ ဝေခွဲရခက်ပါတယ်’’ ဟု TNLA အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော် က နိုဝင်ဘာ ၂၂ ရက်တွင်ပြော သည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်များ ကြောင့် မူဆယ်ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး အချို့မှာ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သို့ တိမ်းရှောင်မှုများ ရှိနေသည်။ အလားတူ ကွတ်ခိုင်မြို့ပေါ်တွင်လည်း နယ်မြေလုံခြုံရေး အခြေအနေစိုးရိမ်မှုများကြောင့် မြို့ပေါ်ဈေးကို နိုဝင်ဘာ ၂၂ ရက် နံနက်က ပိတ်ခဲ့သည်။

‘‘ကိုယ့်သဘောနဲ့ ကိုယ်ပိတ် ကြတာ။ စိုးရိမ်လို့ အိမ်ထဲမှာပဲနေ နေကြတယ်’’ ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်နှင့် မူဆယ် မြို့နယ်များတွင် KIA နှင့် TNLA လက်နက်ကိုင်များ ဆက်ကြေး ကောက်ခံနေသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန် ရေးကော်မတီက နိုဝင်ဘာ ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ TNLA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ‘‘ဆက်ကြေး ကောက်တာမရှိပါဘူး။ ကျွန်တော်တို့အဖွဲ့တွေ ဘယ်အဖွဲ့မှ ဆက် ကြေးတွေ၊ ပိုက်ဆံတွေ၊ အလှူငွေဘာမှ မကောက်ပါဘူး’’ ဟု ငြင်း ဆိုပြီး တစ်ဖက်အဖွဲ့များက ၎င်းတို့၏ ယူနီဖောင်းများဝတ်၍ ထင် ယောင်ထင်မှားဖြစ်အောင် လုပ် နေသည်ဟု နိုဝင်ဘာ ၂၂ ရက်က ပြောကြားသည်။

မူဆယ်ခရိုင်နှင့် လားရှိုးခရိုင်အတွင်း နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦး၊ ပြည်သူ့စစ်နှစ်ဦး၊ အရပ်သား ငါးဦး၊ စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး၊၀န်ထမ်းနှစ်ဦး၊ အရပ်သား ၂၂ ဦး၊စုစုပေါင်း ၃၃ ဦး ဒဏ်ရာရရှိ ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment