Friday, November 25, 2016

ဆင်ဆာကျပြီးရုံတင်ပြသရန်အတွက်တန်းစီစောင့်ဆိုင်းနေသော မြန်မာရုပ် ရှင်ဇာတ်ကား ၁၀၀ ကျော်ရှိ

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအချိန်တွင် ဆင်ဆာကျပြီး ရုံတင်ပြသရန်အတွက် မြန်မာရုပ်ရှင် ဇာတ်ကား ၁၀၀ ကျော် တန်းစီစောင့် ဆိုင်းလျက်ရှိနေကြောင်း သိရသည်။ ယခုအခါတွင် မြန်မာရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးမှုမှာများပြား လာသော်လည်း ယင်းရုပ်ရှင်ဇာတ် ကားများကို ရုံတင်ပြသရန် ရုပ်ရှင်ရုံ များ လိုအပ်နေခြင်းဖြစ်ကြောင်း သိရ သည်။""အခုဆင်ဆာကျပြီး ရုံတင်ပြသ ဖို့အတွက် ရုပ်ရှင်ဇာတ်ကား ၁၀၀ ကျော်လောက်ကတန်းစီစောင့် ဆိုင်း နေပါတယ်။ဒါကဆင်ဆာမကျသေးဘဲ ဆင်ဆာတင်ထားတဲ့ ဇာတ်ကားတွေ လည်းရှိပါသေးတယ်။ ရုံပြိုင်ပြသဖို့ တွေ၊ ညှိနှိုင်းနေတာတွေလည်းရှိပါ တယ်။ အဲဒါတောင် ဒီနှစ်ထဲမှာ ရုံ ပြိုင်ပြသခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေရှိေ သးတယ်""ဟု မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေး က နိုဝင်ဘာ ၂၀ ရက်ကပြောသည်။
ရုံတင်ပြသရန်အတွက် လက်ရှိ တန်းစီစောင့်ဆိုင်းနေသော ရုပ်ရှင် ဇာတ်ကားများသည် အနည်းဆုံးဇာတ် ကားတစ်ကားလျှင် သုံးပတ်နှုန်းဖြင့် ရုံတင်ပြသမည်ဆိုပါက သုံးနှစ်ကျော် စောင့်ဆိုင်းရမည်ဖြစ်ပြီး ၀င်ငွေစံချိန် ချိုးသော ရုပ်ရှင်ဇာတ်ကားများပါဝင် လာပါက ခြောက်နှစ်ကြာမှသာလျှင် ရုံတင်ပြသနိုင်မည်ဖြစ်သည်။
ယင်းကဲ့သို့သော အခက်အခဲ များဖြစ်ပေါ်နေခြင်းမှာ မြန်မာနိုင်ငံ တစ်ဝန်းတွင် ရုပ်ရှင်ရုံများရှားပါး နေခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်
မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ရောင်းချခဲ့သော ရုပ်ရှင်ရုံများအနက် တချို့သောရုပ်ရှင်ရုံများသည့်ရုပ်ရှင် ပြသခြင်းလုပ်ငန်းများကို
ဆောင်ရွက် ခြင်းမရှိခြင်းတို့ကြောင့်လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရန် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာရုပ်ရှင်ဇာတ်ကားများ ကို ရုံပြိုင်စနစ်ဖြင့်ပြသရန်အတွက် ရုပ်ရှင်ဇာတ်ကားကြီးခြောက်ကားကို စမ်းသပ်ပြသခဲ့ပြီး စမ်းသပ်မှုအောင်
မြင်ခဲ့သော်လည်း ထုတ်လုပ်သူများ ၏ သဘောဆန္ဒအတိုင်း ယခင်က ကျင့်သုံးခဲ့သော တန်းစီစနစ်ကိုသာ ပြန်လည်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ တန်းစီစနစ်ကို မပြသ ဘဲ ရုပ်ရှင်ရုံပိုင်ရှင်များနှင့်ထုတ်လုပ် သူတို့ညှိနှိုင်းကာ တန်းစီစနစ်ဖြင့် ပြ သနေသော ရုပ်ရှင်ဇာတ်ကားများနှင့် အပြိုင်ပြသရန် ကိုယ့်ဇာတ်ကားကို ယုံကြည်မှုရှိပါက ရုံပြိုင်စနစ်ဖြင့်
ပြသနိုင်ကြောင်း သိရသည်။
မြန်မာရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရန်အတွက် ရုပ်ရှင်ရုံများ ရှားပါးနေမှုများကြောင့် ယခုအခါတွင်MAZE Co.ltd မှ မြန်မာနိုင်ငံတစ်ဝန်း တွင် ရုပ်ရှင်ရုံမရှိသေးသော နေရာ များမှစတင်ကာ တစ်နိုင်ငံလုံးတွင်
နှစ်နှစ်အတွင်း ရုပ်ရှင်ရုံ ၁၀၀ လုပ် ငန်းစီမံကိန်းပေါ်ပေါက်လာရန်အ တွက် စတင်အကောင်အထည်ဖော် နေပြီဖြစ်ကြောင်း သိရသည်။
NN

No comments:

Post a Comment