Monday, November 28, 2016

ပြည်​သူ့လွှတ်​​တော်​၏ ​ကော်​မတီဥက္ကဌ၊ အတွင်း​ရေးမှူးနှင့်​ အဖွဲ့ဝင်​များ ပယ်​ဖျက်​၊ ​ပြောင်း​ရွှေ့၊ ထည့်​သွင်း တာဝန်​​ပေးအပ်​မှု ပြုလုပ်

ပြည်​သူ့လွှတ်​​တော်​၏ ​တောင်​သူလယ်​သမားနှင့်​ အလုပ်​သမား​ရေးရာ​ကော်​မတီ ဥက္ကဌ ဦးစိန်​ဝင်း၊ အဖွဲ့ဝင်​ ​ဒေါက်​တာစိုးမိုးသူ၊ ကျန်းမာ​ရေးနှင့်​ အားကစားဖွံ့ဖြိုးတိုးတက်​​ရေး​ကော်​မတီမှ အတွင်း​ရေးမှူး ​ဒေါက်​တာ ​အောင်​ခင်​၊ ဥပ​ဒေကြမ်း​ကော်​မတီ အဖွဲ့ဝင်​ ဦးဥာဏ်​လင်းနှင့်​ စီးပွား​ရေးနှင့်​ဘဏ္ဍာ​ရေး ဖွံ့ဖြိုးတိုးတက်​​ရေး​ကော်​မတီမှ အဖွဲ့ဝင်​ ဦး​အောင်​လှိုင်​ဝင်းတို့အား ​ကော်​မတီဥက္ကဌ၊ အတွင်း​ရေးမှူးနှင့်​ အဖွဲ့ဝင်​များအဖြစ်​မှ ပယ်​ဖျက်​​ကြောင်း လွှတ်​​တော်​ဥက္ကဌ ဦးဝင်းမြင့်​က လွှတ်​​တော်​သို့ နိုဝင်​ဘာ ၂၈ ရက်​တွင်​ အသိ​ပေးလိုက်​သည်​။
ဒါ့အပြင်​ ဥပ​ဒေကြမ်း​ကော်​မတီမှ အတွင်း​ရေးမှူး ဦးစတီဗန်​အား ယင်း​ကော်​မတီ၏ အဖွဲ့ဝင်​အဖြစ်​လည်း​ကောင်း၊ ဥပ​ဒေကြမ်း​ကော်​မတီမှ အဖွဲ့ဝင်​ ဦး​ကျော်​စိုးလင်းအား ယင်း​ကော်​မတီ၏ အတွင်း​ရေးမှူးအဖြစ်​လည်း​ကောင်း၊ ကျန်းမာ​ရေးနှင့်​ အားကစားဖွံ့ဖြိုးတိုးတက်​​ရေး​ကော်​မတီမှ အဖွဲ့ဝင်​ ​ဒေါက်​တာသန်းဝင်းအား ယင်း​ကော်​မတီ၏ အတွင်း​ရေးမှူးအဖြစ်​လည်း​ကောင်း၊ ​တောင်​သူလယ်​သမားနှင့်​ အလုပ်​သမား​ရေးရာ​ကော်​မတီမှ အဖွဲ့ဝင်​ ဦး​ကျော်​မြင့်​အား ယင်း​ကော်​မတီ၏ ဥက္ကဌအဖြစ်​ ​ပြောင်းလဲတာဝန်​​ပေးအပ်​​ကြောင်းလည်း ​ကြေငြာသည်​။ ထို့အပြင်​ ဥပ​ဒေကြမ်း​ကော်​မတီတွင် ​ဒေါက်​တာ​ဝေဖြိုး​အောင်​အားလည်း​ကောင်း၊ ကျန်းမာ​ရေးနှင့်​ အားကစားဖွံ့ဖြိုးတိုးတက်​​ရေး​ကော်​မတီတွင် ​​ဒေါက်​တာ​အေဇင်​လတ်​အား လည်း​ကောင်း၊ ​တောင်​သူလယ်​သမားနှင့်​ အလုပ်​သမား​ရေးရာ​ကော်​မတီတွင်​ ဦး​ဇော်​မင်းသိန်းနှင့်​ ကန်​ကြီး​ထောင့်​မဲဆန္ဒနယ်​မှ ဦး​ရွှေလှကြိုင်​၊ စီးပွား​ရေးနှင့်​ဘဏ္ဍာ​ရေး ဖွံ့ဖြိုးတိုးတက်​​ရေး​ကော်​မတီတွင်​ ​ဒေါ်ဝင့်​ဝါထွန်းအား လည်း​ကောင်း ​ကော်​မတီအဖွဲ့ဝင်​များအဖြစ်​ ထည့်​သွင်းတာဝန်​​ပေးအပ်​​ကြောင်းလည်း လွှတ်​​တော်​အစည်းအ​ဝေးတွင် ​​အသိ​ပေးတင်​ပြခဲ့သည်​။

No comments:

Post a Comment