Thursday, November 17, 2016

"လူငယ်ရေးရာမူကြမ်းနဲ့ လုပ်ငန်းကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ် ပါနေတဲ့အပေါ် မကျေမလည်ဖြစ်"

လူငယ်ရေးရာ မူကြမ်းနဲ့ လုပ်ငန်းကော်မတီမှာ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ထည့်သွင်းတာကို လူငယ်တွေ အကြားမကျေလည်မှု ရှိနေတယ်လို့ သတင်း ရရှိပါတယ်။ နေပြည်တော် ဇဗ္ဗူသီရိဟိုတယ်မှာ နိုဝင်ဘာလ ၁၆ ရက်မှာ ပြုလုပ်နေတဲ့ လူငယ်မူဝါဒဆိုင်ရာ တစ်နိုင်ငံလုံးအဆင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာမှာ အခုလို မူကြမ်းနဲ့ လုပ်ငန်းကော်မတီမှာ လွှတ်တော်က ကိုယ်စားလှယ်နှစ်ဦး စာရင်းထည့်ထားတဲ့ အပေါ်မှာ သဘောမကျ ဖြစ်နေကြတာပါ ။ ဒီနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လူမှုဝန်ထမ်း ဦးစီးဌာနက ညွှန်ကြားရေးမှုး ဦးအောင်ကျော်မိုးကတော့ လူငယ်တွေရဲ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ထည့်သွင်းတာနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို ပြည်ထောင်စု ၀န်ကြီးကို ပြန်လည် တင်ပြသွားမယ်လို့ ပြောပါတယ်။

No comments:

Post a Comment