Thursday, November 24, 2016

မောင်တောခရိုင်မြောက်ပိုင်း ကြိမ်ချောင်းရွာတွင် တည်ငြိမ်လျက်ရှိ

မောင်တောခရိုင်မြောက်ပိုင်း ကျေးရွာ တစ်ရွာဖြစ်သည့် ကြိမ်ချောင်းရွာတွင် တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ကြိမ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးကိုကိုအောင်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။
ကြိမ်ချောင်းကျေးရွာသည် မောင် တောမြို့မြောက်ဘက် ၂၄ မိုင်အကွာ တွင် တည်ရှိပြီး အောက်တိုဘာ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်ခံရသည့် ကျီးကန်းပြင်ရွာနှင့် ငါးခူရကျေးရွာတို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ''အရောင်းအဝယ်ကတော့ ဖြစ်ပါတယ်။ ဒါပေမယ့် အရောင်းအဝယ် နည်းပါတယ်။ ကျွန်တော်က အထည်တွေရောင်းပါတယ်။ အရင်က တစ်နေ့ ကို နှစ်သိန်း၊ သုံးသိန်းဖိုးရောင်းရပါ တယ်။ ဒီနေ့တော့ ငါးသောင်း ဖိုးပဲ ရောင်းရ ပါတယ်။ အခက်အခဲတော့ မရှိပါဘူး''ဟု ကြိမ်ချောင်းဈေးတွင် အဝတ်အထည်များရောင်းသည့် ကိုဇော်လှိုင်က ပြောသည်။

ကြိမ်ချောင်းရွာမှ ဈေးသည်တစ်ဦး ဖြစ်သည့် မာမက် အီဆစ် ဆိုသူကလည်း ''အရင်တုန်းကတော့ ဒီနားက ရွာတွေက ဈေးလာဝယ်တော့ အရောင်း အဝယ်ကောင်းပါတယ်။ အခုသိပ်မလာဘူး။ ပြဿနာတွေ မဖြစ်ခင်တုန်းကဆို တစ်နေ့ကို နှစ်သိန်း၊ သုံးသိန်းဖိုးရောင်းရပါတယ်။ ဒီနေ့တော့ သိပ်မရောင်း ရပါဘူး။ အဝတ်အထည်တွေကို ရန်ကုန်ကနေ ယူရောင်းရပါ တယ်။ နေရေး ထိုင်ရေးနဲ့ လုံခြုံရေးအခြေအနေ ကတော့ ကောင်းပါတယ်''ဟု ပြောသည်။
ထို့ပြင် ကြိမ်ချောင်းရွာမှ အသက် (၆၅)နှစ်ရှိ ဈေးသည်တစ်ဦးဖြစ်သည့် အဒူဂေါ်ဖာရ် ဆိုသူကလည်း ''ပတ်ဝန်းကျင်ရွာတွေကတော့ လာဝယ်တာ သိပ်မရှိသေးဘူး။ လုံခြုံရေး အခြေအနေကတော့ ကောင်းပါတယ်။ စာသင်ကျောင်းတွေမှာတော့ ကြိမ်ချောင်းရွာက ကလေးတွေ သွားကြတယ်။ တခြားရွာတွေက မလာပါဘူး'' ဟု ပြောသည်။
ကြိမ်ချောင်းဈေးကောက် ဦးမောင် မောင်လှကလည်း ''ပြဿနာတွေ ဖြစ်တော့ ဈေးဆိုင်တွေ သိပ်မဖွင့်ကြပါဘူး။ အခုတော့ ဆိုင်တွေတော်တော် များများဖွင့်နေကြပါတယ်။ အရောင်း အဝယ် လည်း ဖြစ်ကြပါတယ်။ ဒီဈေးမှာ ဆိုင်ခန်းပေါင်း ၂၅ဝ ကျော် ရှိပါတယ်။ နေ့တိုင်း အရောင်းအဝယ် ရှိပါတယ်''ဟု ပြောသည်။
ကြိမ်ချောင်းရွာသည် အိမ်ခြေ ၁ဝဝဝ ခန့်ရှိပြီး လူဦးရေ ၈၄ဝဝ ကျော်ရှိကြောင်း၊ တိုင်းရင်းသား ၃၈ဝ ကျော်၊ ဟိန္ဒူဘာသာဝင် ၄ဝဝကျော်နှင့် အစ္စလာမ် ဘာသာဝင် ၇ဝဝဝ ကျော် ရှိကြောင်း၊ အထက်တန်းကျောင်း တစ်ကျောင်းနှင့် တိုက်နယ်ဆေးရုံ တစ်ရုံလည်းရှိကြောင်း၊ ငါးခူရ၊ ကျီး ကန်းပြင်ရွာ များ အပါအဝင် အနီးအနားရှိ ရွာပေါင်းများစွာ ရောင်းရေး ဝယ်ရေးအတွက် အဓိကအားထားရသည့် ရွာတစ်ရွာဖြစ်ကြောင်း အုပ်ချုပ် ရေးမှူး ဦးကိုကိုအောင်က ပြောသည်။
(အေဝမ်းစိုး)

No comments:

Post a Comment