Friday, November 18, 2016

တာချီလိတ်တွင် အမျိုးသား တစ်ဦးကို ထိုင်းဘတ်ငွေ ၁ဝ သန်းဖြင့် ပြန်ပေးဆွဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်တွင် အသက် ၃ဝ ကျော်အရွယ် အမျိုးသား တစ်ဦး ဘတ်ငွေ ၁ဝ သန်းဖြင့် ပြန်ပေးဆွဲ ခံရကြောင်း ဝမ်ပုံ နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ စံဖူးရွာတွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အိုက်ခမ်း (ခ) အိုက်နန်းအွန်သည် သြဂုတ်လ ၂၃ ရက်က ကျေးရွာအနီးရှိ ပန်းခြံအတွင်း ပန်းသွားခူးရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ လက်ရှိတွင် ယင်းအမျိုးသား၏ ဇနီးဖြစ်သူကို ထိုင်းဘတ်ငွေ ၁ဝ သန်းဖြင့် လာရောက် ရွေးယူရန် အမည်မသိ အဖွဲ့က အကြိမ်ကြိမ် ခြိမ်းခြောက် ငွေကြေး တောင်းခံနေ၍ စုံစမ်း စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။

No comments:

Post a Comment