Friday, November 25, 2016

အီး-ဂါးဗားမင့် နောက်ကျနေတဲ့ နိုင်ငံ

ပျူတာစနစ် အိုင်တီခေတ်မှာ အစိုးရရုံးလုပ်ငန်း ကိစ္စရပ်တွေအားလုံး ကွန်ပျူတာနဲ့ ထိန်းချုပ်၍ခိုင်းစေသွားမယ်ဆိုရင် နိုင်ငံဝန်ထမ်းခန့်အပ်မှု လျော့ကျခန့်ထားနိုင်သလို ပြည်သူတွေကလည်း ဝန်ထမ်းနဲ့ဆက်ဆံရမှု၊ မလိုအပ်ဘဲ ကြန့်ကြာ မှု၊ အလုပ်ပြီးမြှောက်ရအောင် လာဘ်ပေးလာဘ်ယူမှု လုပ်ကြရတာ တွေ အချိန်ကုန်လူပင်ပန်းမှုကို ဖြေရှင်းနိုင်မှာပဲဖြစ်တယ်။ နိုဝင်ဘာလ ၁ ရက်က ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီနှင့် (ICT)နယ်ပယ် မှာ အကြီးတန်းမူဝါဒကျွမ်းကျင်သူ (Senior ICT Policys Pecialist Mr. Siou Cheus kuchi)၊ အကြီးတန်း အီး-ဂါးဗားမင့် ကျွမ်းကျင်သူ (Mr. Sebastican Foo)နဲ့ နည်းပညာဆန်းစစ်ပညာရှင် ဦးအောင်ထွန်းလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင် အဆောင်အမှတ် (J-9)အစည်းအဝေးခန်းမမှာ တွေ့ဆုံကြောင်း သတင်းရရှိတယ်။



မြန်မာနိုင်ငံရဲ့ အီး-ဂါးဗားမင့် ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းတွေ မှာ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း ကုလသမဂ္ဂရဲ့ အီး-ဂါးဗားမင့် လေ့လာမှုစစ်တမ်းအရ သိရတယ်။ မြန်မာနိုင်ငံရဲ့ အီး-ဂါးဗားမင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့် ညွှန်း ကိန်းမှာ ၂ဝဝ၃ ခုနှစ် က အဆင့် ၁၂၆ ရှိပြီး ၂ဝဝ၅ ခုနှစ်မှာ အဆင့် ၁၂၉၊ ၂ဝဝ၈ ခုနှစ်မှာ အဆင့် ၁၄၄၊ ၂ဝ၁ဝ ပြည့်နှစ်မှာ အဆင့် ၁၅၄၊ ၂ဝ၁၂ ခုနှစ်မှာ အဆင့် ၁၆ဝ၊ ၂ဝ၁၄ ခုနှစ်မှာ အဆင့် ၁၇၅၊ ၂ဝ၁၆ ခုနှစ်မှာ အဆင့် ၁၆၉ ဖြစ်လာကြောင်း တွေ့ရပါတယ်။

(CLMU)လေးနိုင်ငံ နှိုင်းယှဉ်ချက်အရ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ တို့မှာ အောက်ဆုံးအဆင့်မှာ အစဉ်လိုက်ရှိ ကြောင်းသိရတယ်။ ၂ဝ၁၆ ခုနှစ် အီး-ဂါးဗားမင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့် ညွှန်းကိန်းအရ ၂ဝ၁၆ ခုနှစ်အတွက် ဗီယက်နမ် ၈၉၊ ကမ္ဘော ဒီးယား ၁၅၈၊ လာအို ၁၄၈၊ မြန်မာ ၁၆၉ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အီး-ဂါးဗားမင်းအဆင့် နိမ့်ကျရတဲ့အကြောင်းရင်း မှာ အခြေခံအဆောက်အအုံ လိုအပ်ချက်၊ နည်းပညာအခက်အခဲ၊ လူ့စွမ်းအားအရင်းအမြစ် မလုံလောက်မှု၊ ဘတ်ဂျက်နည်းပါးမှု၊ ခေါင်းဆောင်ပိုင်းမှ အားပေးမှုနည်းပါးခြင်းတို့ တွေ့ရကြောင်းဆို တယ်။

ပြောင်းလဲလာတဲ့ အခြေအနေမှာ မိုဘိုင်းအင်တာနက်သုံးစွဲမှု နှုန်း မြင့်မားလာခြင်း၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုး မိုးရေး၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံရပ်ခြားမှ ပြန်လာ တဲ့ မြန်မာများ၊ တစ်ကမ္ဘာလုံးဆိုင်ရာ နည်းပညာတိုးတက်ပြောင်း လဲမှုတို့ ဖြစ်ကြောင်း သိရတယ်။ မြန်မာနိုင်ငံမှာ အွန်လိုင်းသုံးစွဲမှုဟာ ၉၅ ရာခိုင်နှုန်းက မိုဘိုင်း ဖုန်းနဲ့ တက်ဘလက်တို့ကို သုံးစွဲနေကြပြီး ငါးရာခိုင်နှုန်းခန့်သာ စားပွဲတင်ကွန်ပျူတာနဲ့ အွန်လိုင်းသုံးစွဲခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ မိုဘိုင်းဆင်းကတ် ၄၅ သန်းလောက်ရှိလာရာ ငါးလက်မအရွယ်အစားရှိ စမတ်ဖုန်းတွေက ကြီးမားတဲ့ အခြေခံအ ဆောက်အအုံကြီးတစ်ရပ် ဖြစ်လာတယ်ဆိုတယ်။ လူထုအကြား ပုံနှိပ်သတင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုနေရာတွေမှာ ဆိုရှယ်မီဒီ ယာအွန်လိုင်းနဲ့ မိုဘိုင်းတို့က အစားထိုး ဝင်ရောက်နေရယူလျက် ရှိနေပါပြီ။
နေပြည်တော်က အီး-ဂါးဗားမင့် တွေ့ဆုံပွဲမှာ အကြီးတန်း အီး-ဂါးဗားမင့် ကျွမ်းကျင်သူ (Mr. Sebustium foo) က (Digital  Myanmar Project Preparation) နဲ့ပတ်သက်ပြီး ရှင်းလင်းတင် ပြရာမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက မြန်မာနိုင်ငံ အီး-ဂါးဗားမင့် အကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတွေဖြစ်တဲ့ အစိုးရ၊ ခေါင်းဆောင်အဖွဲ့အစည်း၊ စွမ်းဆောင်မှု၊ မှတ်ပုံတင်မှု ပျက် ကွက်ခြင်းတို့ အပေါ် ဆွေးနွေးမေးမြန်းခဲ့ကြောင်း အီး-ဂါးဗားမင့်နဲ့ အကောင်အထည် မြန်မြန်ဆန်ဆန်ဖော်ဆောင်ရေးအတွက် ဘတ် ဂျက်ခွင့်ပြုရေးကို လွှတ်တော်မှာ ဆွေးနွေးပြီးဖြစ်ကြောင်းနဲ့ ဆွေး နွေးပွဲနဲ့ပတ် သက်ပြီး ပြည်သူ့လွှတ်တော်က သတင်းထုတ်ပြန်တယ်။

''မြန်မာနိုင်ငံမှာ အီး-ဂါးဗားမင့် လုပ်သင့်ပါပြီ။ မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ပုံစံပါပဲ။ ကမ္ဘာ့ဘဏ်ကတင်ပြရာမှာ အစိုးရပိုင်း၊ ဝန်ကြီးဌာနပိုင်း တင်ပြပြီးဖြစ်သလို မြန်မာနိုင်ငံရဲ့ တော်သင့်လျော် ကန်တဲ့ အီး-ဂါးဗားမင့် ဖြစ်သင့်ပါတယ်။ ယခုအဖွဲ့မှာ နိုင်ငံပေါင်း ၄ဝ လောက် လိုက်လုပ်ပေးနေရာ ကမ္ဘာ့ဘဏ်ကပါ လုပ်သင့်လုပ် ထိုက်ကြောင်း၊ နိုင်ငံပေါင်း ၄ဝ မှာ ၃ဝ လောက် အောင်မြင်နေလို့ သူတို့လုပ်တဲ့ စိတ်ကူးတင်ပြတယ်။ မြန်မာနဲ့လည်း ကိုက်ပါတယ်။ မြန်မာဘက်က မသိနားမလည်တာ ပြန်မေးလို့ သူတို့ကဖြေကြား သွားတယ်''လို့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးနေဖူး ဗဆွေက ပြောကြားခဲ့တယ်ဆိုတယ်။ ယင်းတွေ့ဆုံပွဲကို ပို့ဆောင် ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးနေဖူးဗဆွေနဲ့ အဖွဲ့ဝင် ဦးသန်း စိုးအောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

အီး-ဂါးဗားမင့်ဟာ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် သုံး စွဲလာခြင်းနဲ့ တစ်နေရာတည်း တစ်ကြိမ်တည်းပြီးမြောက်ခြင်း (One  Stop Service)ကို နိုင်ငံ့ဝန်ထမ်းတွေအစား မှန်မှန်ကန်ကန်အစား ထိုးနိုင်ခဲ့ရင် အုပ်ချုပ်ရေးယန္တရား ပိုမိုအဆင်ပြေလာနိုင်ဖွယ်ရှိနေ ပါတယ်။ ဒီမိုကရေစီစနစ်ကို လျင်မြန်တိကျတဲ့ အချက်အလက်များ၊ သတင်းထုတ်ပြန်မှုများ၊ အစိုးရစီမံကိန်းများ၊ အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်များ၊ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာနဲ့ မဲဆန္ဒနယ်များ၊ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၊ အရွေးကောက်ခံမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာနဲ့ မဲဆန္ဒနယ်များ၊ မဲပေးပိုင်ခွင့်ရှိသူများ၊ ရွေးကောက်ခံမယ့် ပါတီပေါင်းစုံက ကိုယ် စားလှယ်များ၊ မဲရေတွက်ခြင်း၊ မဲအနိုင်အရှုံးရေတွက် ထုတ်ပြန်ခြင်း မှာ စိတ်ချခိုင်မာစွာ အသုံးပြုလာနိုင်ပါတယ်။

နိုင်ငံတကာနဲ့ယှဉ်ရင် နောက်ကျရခြင်းအဓိကအချက်မှာ ၂၄ နာရီ လျှပ်စစ်မီးမရခြင်းပဲဖြစ်တယ်။ မြန်မာနိုင်ငံ နေရာဒေသရဲ့ ၃၃ ရာခိုင်နှုန်းသာ ၂၄ နာရီ လျှပ်စစ်မီးရသေးရာ ကျန် ၆၇ ရာခိုင် နှုန်းအတွက် အီး-ဂါးဗားမင့်က အစားထိုးဝင်ရောက်ဖို့ အဟန့်အ တားဖြစ်နေဆဲဖြစ်တယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာရတဲ့ အဓိကအကြောင်းရင်းတွေ ကြည့်ရင်လည်း ၂၄ နာရီ လျှပ်စစ်မီး မရခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ မြေငှားခ၊ အိမ်ခန်းခ၊ ရုံးခန်းခ ဈေးကြီးမြင့်ခြင်း၊ အလုပ်သမားဥပဒေ၊ အလုပ်ရှင်ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပေဒနဲ့ နိုင်ငံခြား အလုပ်သမား ဥပဒေတို့ အသက်ဝင်လာခြင်းမရှိသေးတာ ထောက် ပြကြတယ်။ နိုင်ငံရဲ့ငွေကြေးနဲ့ ရွှေဈေး အတက်အကျမြန်တာဟာ ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်လိုသူများ နောက်ကောက်ကျသွား အောင်ဖြစ်စေတယ်။

တကယ်တော့ အီး-ဂါးဗားမင့်မှာ လျှပ်စစ်မီးက ထိပ်ဆုံးပါဝင် သလို ကျွမ်းကျင်ပညာရှင်တွေလည်း လိုအပ်နေတာအမှန်ပါပဲ။ ငွေ ရှိတိုင်း မဖြစ်နိုင်သလို ကျွမ်းကျင်သူရှိတိုင်းလည်း မဖြစ်နိုင်ပါ။ အရေး ကြီးဆုံးက အစိုးရမူပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ လျင်မြန်သွက် လက်ရေးအတွက် အီး-ဂါးဗားမင့်က လိုအပ်လျက်ရှိနေပါတယ်။ ဒါကို ရှောင်ကွင်းလို့မရဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ရင်းနှီး မြှုပ်နှံသူတွေနဲ့ ဆက်ဆံနေသမျှမှာ အီး- ဂါးဗားမင့် လိုအပ်ပါတယ်။ ကမ္ဘာမှာ အီး-ဂါးဗားမင့် ဖြစ်မှသာ ရင်ပေါင်တန်းလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။   ဒေါက်တာထူးပြည့်စုံသျှင်     

No comments:

Post a Comment