Tuesday, November 29, 2016

မင်းဘူး(စကု)မြို့နယ်အတွင်းရှိစိုက်ပျိုးရေးဆေးဆိုင်များအား ရှောင်တခင် ၀င်ရောက်စစ်ဆေး

မင်းဘူး (စကု)မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး ဆေးဆိုင်များအား နိုဝင်ဘာ ၂၆ ရက် တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန နှင့်သီးနှံကာကွယ်ရေးဌာနမှ ရှောင် တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး မင်းဘူး ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင် များကိုပါ ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်၊ ခရိုင်၊ တိုင်းစိုက်ပျိုး ရေးဦးစီးဌာနများ ပူးပေါင်းကာ သုံး လတစ်ကြိမ် စိုက်ပျိုးရေးသုံးဆေး ပစ္စည်းအရောင်းဆိုင်များအား ကွင်း ဆင်းစစ်ဆေးပြီး မြို့နယ်နှင့် ခရိုင် ပူးပေါင်းအဖွဲ့သည် တစ်လလျှင်တစ် ကြိမ်စစ်ဆေးကာ မြို့နယ်အနေဖြင့် နှစ်ပတ်လျှင် တစ်ကြိမ်စစ်ဆေးမှုများ ပြုလုပ်နေသည်။ ထိုသို့စစ်ဆေးရာ တွင် လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ ရောင်းချ ရာတွင် ပြေစာ၊ ဘောက် ချာဖြတ်ရောင်းချရန်နှင့် သတ်မှတ် ထားတဲ့ မြန်မာစာအညွှန်းပါဆေးများ ရောင်းချမှုရှိမရှိ စစ်ဆေးနေခြင်းဖြစ် သည်။


""တရားဝင်ဖြန့်ဖြူးရောင်းချခွင့် ပြုထားတဲ့ ဆေးတွေကို သုံးစွဲရမယ်။
ဆေးအညွှန်းတွေကို မြန်မာလိုရေး ထားတဲ့စာတန်းအညွှန်းပါတဲ့
ဆေး တွေကို တောင်သူတွေကို ရောင်းချ ပေးဖို့အတွက် အခုလို ကွင်းဆင်းစစ် ဆေးနေတာပါ။ အခုစစ်ဆေးတာ တော့ ဖမ်းဆီးရမိ
မှုမရှိသေးပါဘူး""ဟု မင်းဘူး(စကု)မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်း က ပြောကြားသည်။
မြန်မာစာအညွှန်းမပါသော စိုက် ပျိုးဆေးများ ရောင်းချမှုရှိမရှိ မင်းဘူး ခရိုင် ငါးမြို့နယ်ရှိစိုက်ပျိုးရေးဆေး ရောင်းချနေသော ဆေးဆိုင်ပေါင်း ၁၆၃ ဆိုင်ကိုပါ မကြာမီရှာဖွေ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
""ပိုးသတ်ဆေးတချို့မှာ ကိုယ် မဖတ်တတ်တဲ့ စာတွေရေးထားတော့ ဘယ်လိုအသုံးပြုရမယ်ဆိုတာ မသိ ဘူး။
မေးစမ်းပြီးမှ အသုံးပြုရတာတွေ ရှိတယ်။ပိုးသတ်ဆေးတွေကမသုံး တတ်ရင် အသက်အန္တရာယ်ထိခိုက် မှာ စိုးရိမ်ရတယ်။ ဆေးအသုံးများ ရင် သီးနှံပင်တွေ သေကြေပျက်စီး တာတို့၊ သီးနှံအထွက်နှုန်းနည်းတာ တို့ ကြုံတွေ့ရတတ်တယ်။ ကျွဲ၊ နွား တိရ စ္ဆာန်တွေအတွက်လည်း အန္တရာယ်
ရှိတယ်""ဟု မင်းဘူးမြို့နယ်မှ တောင် သူ ကိုအောင်နိုင်က ပြောကြားသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ပိုးသတ်ဆေး လက်လီလက်ကားရောင်း ချသော ဆိုင် ၄၇ ဆိုင်ရှိပြီး ဓာတ်မြေ သြဇာနှင့် အခြားပစ္စည်းများ ရောင်း ချသော ဆိုင် ၁၇ ဆိုင်ရှိကာ စိုက်ပျိုး ရေး ဆေးများ၌ မြန်မာစာအညွှန်း မပါသော မိုးကျော်ခိုင်ဆေးများကို ရှာဖွေဖမ်းဆီး၍ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
KK

No comments:

Post a Comment