Wednesday, November 23, 2016

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု နိုင်ငံတစ်ဝန်း ဆောင်ရွက်မည်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အ တွက် လူထုအသိပညာပေး ၁၆ ရက်တာ လှုပ်ရှားမှု ၂၀၁၆ ကို ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၂၀ အပါ အဝင် မြန်မာတစ်နိုင်ငံလုံး၌ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ဆောင်ရွက်မည်ဟု အမျိုးသမီးအဖွဲ့များထံမှ သတင်း ရရှိသည်။ အဆိုပါ လှုပ်ရှားမှုကို ‘အိမ် တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်း ချမ်းသောကမ္ဘာဆီသို့၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ အမျိုးသားများလည်း ပါဝင်စို့’ခေါင်းစဉ်ဖြင့် အမျိုးသမီး အဖွဲ့အစည်း ၃၀ ကျော် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အ လုပ်အဖွဲ့ဝင် ကိုမျိုးခိုင်က ပြော ကြားသည်။ ယင်းလှုပ်ရှားမှုတွင် ထာဝရ ဖဲကြိုးဖြူသီချင်းဆိုပြိုင်ပွဲ၊ လူထု အသိပညာပေးလှုပ်ရှားမှုများ၊ Myanmar Cable News နှင့်ပူး ပေါင်း၍ အသိပညာပေးရုပ်သံ ထုတ်လွှင့်ခြင်း၊ FM ရေဒီယိုများမှ အမျိုးသမီးအသိပညာပေးအသံ လွှင့်အစီအစဉ်များ ထုတ်လွှင့်ခြင်း နှင့် မြန်မာတစ်နိုင်ငံလုံးတွင် လူထုအသိပညာပေး လုပ်ငန်းအစီအ စဉ်များပါဝင်မည်ဖြစ်သည်။



အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှု ပပျောက်ရေးများ တွင် အမျိုးသားများအပါအဝင် ပြည်သူအားလုံးပါဝင်နိုင်ရေး ၁၆ ရက်ကြာ လူထုအသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့အပြင် လူထုအသိပညာ ပေး Flash Mod အစီအစဉ်ကို ရန်ကုန်မြို့၏ မြို့နယ်ပေါင်း ၂၀ တွင် အမျိုးသမီးအခွင့်အရေးနှင့် ဥပဒေဆိုင်ရာများ အသိပညာ ပေးဟောပြောပွဲများ၊ အသိပညာ ပေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနှင့်ပတ်သက် သည့် သရုပ်ဖော်အစီအစဉ်များ၊ အမေးအဖြေကဏ္ဍများနှင့် One Billion Rasing တေးသရုပ်ဖော် အကများ ပါဝင်ဆောင်ရွက်မည် ဟု သိရသည်။

အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှုဆိုင်ရာ ရုပ်သံဆွေး နွေးပွဲများကို နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာနေ့များ၌ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ထုတ်လွှင့်ပြသ မည်ဟု သိရသည်။

ထို့အပြင် အမျိုးသမီးများအ ပေါ် အကြမ်းဖက်မှု ပပျောက်ရေး လုပ်ငန်း ဆောင်ရွက်မှုများတွင် အမျိုးသားများ ပူးပေါင်းပါဝင်မှု၏ အရေးပါပုံနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲများကို အမျိုးသား များ ပူးပေါင်းပါဝင်မှုဆိုင်ရာ လုပ်

ငန်းအဖွဲ့ဝင်များနှင့် အနုပညာ ရှင်များက City FM နှင့် မန္တလေးFM တို့မှ ထုတ်လွှင့်မည်ဖြစ်သည်။ မျိုးစန္ဒာအောင်

No comments:

Post a Comment