Sunday, November 27, 2016

မုံရွာတွင် ထရန်စဖော်မာဝင်းအတွင်း အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး

မုံရွာမြို့ အိုးဘိုထောင်ရပ် ကွက် ကမ်းနားလမ်းရှိ ထရန်စဖော်မာဝင်းအတွင်း အမျိုးသားတစ်ဦးဓာတ်လိုက်သေဆုံးသည်ကို နိုဝင်ဘာ ၂၆ရက် နံနက် ၁၁နာရီခန့်က တွေ့ရှိခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။ ‘‘လွန်ခဲ့တဲ့ နှစ်ရက်လောက်  က ထရန်စဖော်မာဘက်ကပေါက် ကွဲသံတစ်ခု ကြားလိုက်တယ်လို့ အနီးပတ်ဝန်းကျင်ကပြောတယ်။ ထရန်စဖော်မာခြံစည်းရိုးသံဆန်ခါပေါ်မှာ ဓာတ်လိုက်ပြီး မီးလောင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။  ရုပ်အလောင်းအနီးက ပလာယာ တစ်လက်၊ ကြေးနန်းကြိုးဖြတ်စ သုံးစ၊ လောက်လေးခွတစ်လက်၊ စက်ဘီးကုံးသီးတွေလည်းတွေ့ရှိ ခဲ့တယ်။ ဓာတ်လိုက်သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာမသိသေး ပါဘူး။ ရဲစခန်းမှာ သေမှုသေခင်း ဖွင့်ပြီး စစ်ဆေးနေပါတယ်’’ ဟု မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်ကပြောသည်။


အသက်(၃၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားအလောင်း အား  ထရန်စဖော်မာဝင်း  အတွင်း ပုပ်ပွနေသည်ကို တွေ့ရှိခဲ့သဖြင့်  မုံရွာပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့် ပေးပို့စစ်ဆေး လျက်ရှိကြောင်း သိရသည်။

       အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ မုံရွာမြို့ မြို့မရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၃၈/၂၀၁၆ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ မျိုးမင်းဦး

No comments:

Post a Comment