Wednesday, November 23, 2016

ရန်ကုန်တွင် အမျိုးသားအောင်ပွဲနေ့ကို ကျပ်သိန်းငါးရာခန့် အကုန်အကျခံပြုလုပ်မည်

အစိုးရသစ်လက်ထက် တွင် ပထမဆုံးကျင်းပမည့်အမျိုး သားအောင်ပွဲနေ့အခမ်းအနားကို ကျပ်သိန်း ၅၀၀ ခန့် အကုန်အကျခံ ၍ ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ အမျိုးသားအောင်ပွဲနေ့အ ခမ်းအနားကို အများပြည်သူများ ၏ထည့်ဝင်ငွေအများစုဖြင့်သာ အဓိကပြုလုပ်မည်ဖြစ်ပြီး တိုင်း ဒေသကြီးအစိုးရ၏ဘတ်ဂျက်အ နည်းငယ်သာပါဝင်မည်ဟု ယင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးသော် တာအောင်က ပြောသည်။ ‘‘နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လှူဒါန်းထည့်ဝင်ငွေနဲ့ပြုလုပ်သွား မှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရရဲ့ ထည့်ဝင်ငွေအနည်းငယ်ပါဝင်မှာ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ ကျပ်သိန်း ၅၀၀ လောက် သုံးစွဲ သွားဖို့ မျှော်မှန်းထားပါတယ်’’ဟု ၎င်းက ပြောသည်။ အဆိုပါအမျိုးသားအောင်ပွဲ နေ့အခမ်းအနားသည် (၉၆)နှစ် မြောက်အမျိုးသားနေ့ကို အမည် ပြောင်းလဲကျင်းပခြင်းဖြစ်ပြီး ဒဂုံ မြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ် ရန် စီစဉ်ထားခြင်းဖြစ်သည်။

အခမ်းအနားလုံခြုံရေးနှင့် ပတ်သက်၍လည်း လုံခြုံရေးကော် မတီကို ဖွဲ့စည်းထားပြီး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဦးသော်တာအောင်က ပြောကြား သည်။
ယင်းအခမ်းအနားကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဦးစီး၍ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်များ၊ မြို့မကျောင်းများနှင့် ပူးပေါင်း ကျင်းပမည်ဖြစ်ပြီး အစိုးရသစ် လက်ထက်၌ အရပ်ဘက်အဖွဲ့များနှင့် ပထမဆုံး ပြုလုပ်ကျင်းပ ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ကျောင်းသားထုကို စုစည်းအား ဖြင့် ယခင်က ဖိနှိပ်မှုများကို ပူး ပေါင်းဖြေရှင်းကာ လွတ်လပ်ရေး ရယူနိုင်ခဲ့သည့် ခွန်အားများကို ပြန်လည် အမှတ်ရရှိနိုင်စေရန် ယခု ကဲ့သို့ အခမ်းအနား ပြုလုပ်ရခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောကြားခဲ့သည်။
အဆိုပါအမျိုးသားအောင်ပွဲ နေ့အခမ်းအနားကို ပြည်သူ့ရင်ပြင် ၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီမှ စတင်၍ အခမ်းအနားဖြစ်မြောက် ရေးကော်မတီ နာယကများဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက ဦးတင်ဦး၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အဖွင့်မိန့်ခွန်းများ ပြောကြားခြင်း၊ စာပေပညာရှင် များ၏စကားဝိုင်း၊ ဟောပြောမှု အစီအစဉ်များပြုလုပ်ခြင်းနှင့် အနုပညာရှင်များ၏ဖြေဖျော်မှုများဖြင့် ကျင်းပမည်ဟု သတင်းရရှိသည်။
The Voice

No comments:

Post a Comment