Sunday, November 20, 2016

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ ကြိုကြား၊ ကြိုကြားဖြစ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအထွက် ချင်းရွှေဟော်သွားလမ်းရှိ သိန္ဒီတံတား နိုဝင်ဘာ ၂၀ရက် နံနက်က မိုင်းခွဲခံရဟု ဒေသခံတစ်ဦးက သတင်းပေးပို့သည်။ တံတားမှာ ပျက်စီးမှုအများကြီးမရှိဘဲ သွားလာလို့ရသည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။  ယနေ့ နံနက်ပိုင်းတွင် မူဆည် ၁၀၅ မိုင်တွင် ၃နာရီကြာ တိုက်ပွဲဖြစ်ပြီးနောက် ကွတ်ခိုင်ကစပြီး ပြည်ထောင်စုလမ်းတစ်လျောက် တိုက်ပွဲများ ကြိုကြား၊ ကြိုကြားဖြစ်နေသည်ဟုလည်း သိရသည်။

No comments:

Post a Comment