Wednesday, November 30, 2016

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဆောင်းခိုရေညှောင့်နှုတ်ဝိုင်းငှက်များကိုစာရင်းကောက်မည်၊ တစ်ကမ္ဘာလုံးတွင် ကောင်ရေ ၅၀၀ အောက်သာ ကျန်ရှိနေဟုဆို

တစ်ကမ္ဘာ လုံးတွင် ကောင်ရေ၅၀၀အောက်သာ ကျန်တော့သည့် ရေညှောင့်နှုတ်ဝိုင်း ငှက်များ မြန်မာနိုင်ငံအတွင်းသို့လာေ ရာက်ဆောင်းခိုမှု အခြေအနေကို သိရှိနိုင်ရန် စာရင်းကောက်ယူလျက် ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA) မှသိရသည်။ မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ရေညှောင့်နှုတ် ၀ိုင်းငှက်များသည် မြန်မာနိုင်ငံတွင် မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်းနှင့် မိန်းမလှကျွန်းတို့တွင် လာရောက် ဆောင်းခိုလေ့ရှိပြီး ကမ္ဘာပေါ်တွင် မုတ္တမပင်လယ်ကွေ့သည် အဆိုပါ ငှက်မျိုးစိတ် အများဆုံးလာရောက် ဆောင်းခိုသော အဓိကနေရာဖြစ် ကြောင်း သိရသည်။


""ရေညှောင့်နှုတ်ဝိုင်းငှက်တွေ ကို တွေ့နေပြီ။ ငှက်ကောင်ရေကတော့ ပြောလို့ မရသေးဘူး။ ဇန်န၀ါရီလ လောက်မှသိရမယ်။ အခု မုတ္တမပင် လယ်ကွေ့နဲ့ ရခိုင်ပြည်နယ် နံ့သာကျွန်း တို့မှာ ငှက်ကောင်ရေကောက်နေပါ တယ်။ ပြီးတော့ ဒီငှက်နဲ့ပတ်သက် တဲ့ အသိပညာပေးလုပ်ငန်းတွေကို လည်း တစ်ခါတည်းလုပ်နေပါတယ်""ဟု အဆိုပါငှက်ကောင်ရေစာရင်းကို ကောက်ယူနေသည့် BANCA မှ Program Manager ဦးပြည့်ဖြိုးအောင် က နိုဝင်ဘာ၂၉ရက်ကပြောသည်။
ရေညှောင့်နှုတ်ဝိုင်းငှက်အပါ အ၀င် မြန်မာနိုင်ငံတွင်ကမ္ဘာ့အဆင့် အန္တရာယ်ကျရောက်နေသော ငှက်မျိုး စိတ်ပေါင်း၄၆
မျိုးရှိကြောင်း၊ နိုင်ငံ အဆင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာ ဗျူဟာနှင့် လုပ်ငန်းစီမံချက်(၂၀၁၅- ၂၀၂၀)တွင်ဖော်ပြထားပြီး အဆိုပါ ငှက်မျိုးစိတ်သည် ဥပဒေအရလုံးဝ ထိန်းသိမ်းကာကွယ်ထားသော မျိုး စိတ်ဖြစ်ကြောင်းသိရသည်။ယင်းငှက်မျိုးစိတ်သည် မိုးရာသီ ကာလတွင် ရုရှားနိုင်ငံအရှေ့မြောက် ပိုင်း ချူကိုတာဒေသတွင်သားပေါက် ပြီး ဆောင်းရာသီတွင်မြန်မာနိုင်ငံရှိကမ်းရိုးတန်းဒေသ
များသို့ လာရောက် ဆောင်းခိုခြင်းဖြစ်ကြောင်း၊ ယင်းသို့ လာရောက်ဆောင်းခိုစဉ် ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်တွင် ရာသီ ဥတုဒဏ်ကြောင့် သေဆုံးခြင်းနှင့် ဆောင်းခိုရာဒေသများရှိ ငှက်မုဆိုး များ၏ဖမ်းဆီးမှုများကြောင့် ကောင် ရေကျဆင်းခဲ့ကြောင်း သိရသည်။
MMA

No comments:

Post a Comment