Wednesday, November 23, 2016

ထိုင်းအမျိုးသား ၁၀ ဦးလျှင် ခုနစ်ဦးမှာ မိန်းမလိုက်စားသူများဖြစ်ဟု စစ်တမ်းအရသိရ

ထိုင်းအမျိုးသား ၇၀ ရာခိုင်နှုန်း သည် အခြားအမျိုးသမီးတစ်ဦးနှင့် လျှို့ဝှက် အချစ်ဗျူဟာခင်းလေ့ရှိပြီး ထက်ဝက်ခန့်မှာ အိမ်တွင်း အကြမ်း ဖက်မှုကျူး လွန်လေ့ရှိကြောင်း နိုဝင် ဘာ ၂၂ ရက်တွင် ထုတ်ပြန်သော သုတေသနစစ် တမ်းအရ သိရသည်။ ထိုင်းကျန်းမာရေးဖောင်ဒေး ရှင်း (Thai Health) နှင့်အမျိုး သား နှင့်အမျိုး သမီးတိုးတက်ရေးလှုပ်ရှား မှု ဖောင်ဒေးရှင်း (WMPMF) တို့ ပူး ပေါင်း၍ ဘန်ကောက်မြို့ရှိအသက် ၂၀ မှ ၃၅ နှစ်အကြားအမျိုးသား ၁၆၁၇ ဦးကို တွေ ဆုံမေးမြန်းပြီး စစ် တမ်းကောက် ယူခဲ့ရာ ၇၂ ရာခိုင်နှုန်း မှာ လျှို့ဝှက်အချစ် ဇာတ်လမ်းများ ရှိကြောင်း၊ ၅၇ ရာခိုင်နှုန်းမှာ အိမ် တွင်းအကြမ်းဖက် မှုကျူးလွန်လေ့ ရှိ ကြောင်း၊ အိမ်ထောင်ရေးအဆင်မ ပြေသော အမျိုးသား ၆၉ ရာခိုင်နှုန်း မှာ အိမ်ပြင်ထွက်၍ အရက်သောက် လေ့ရှိကြောင်း သိရသည်။

ထိုင်းအမျိုးသား ၄၂ ရာခိုင်နှုန်း မှာ မကျေနပ်မှုကြောင့် ၎င်းတို့၏ ချစ်သူ(သို့မဟုတ်)အိမ်ထောင်ဖက် ကို ကိုယ်ထိ လက်ရောက် ရိုက်နှက် လေ့ ရှိကြောင်း WMPMF ဖောင်ဒေး ရှင်းမှ Usuma Ketthahak ကပြော သည်။ ၄၂ ရာခိုင်နှုန်းမှာ ၎င်း တို့၏ ဇနီး(သို့မဟုတ်)လိင်ဆက်ဆံဖော် ကို အရက် (သို့မဟုတ်) မူးယစ်ဆေး ၀ါးတို့ အဓမ္မတိုက်ကျွေးလေ့ရှိ ကြောင်း၊ အများစုမှာ ကိုယ်ဝန်တား ဆီးရန် အမျိုးသမီးများတွင်သာ တာ ၀န်ရှိသည်ဟု ယုံကြည်ကြကြောင်း Usuma ကဆိုသည်။
အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်အကြမ်းဖက်မှုများနှင့်ပတ်သက် ပြီး ၁၃ ရာခိုင်နှုန်း သာရဲကိုတိုင်ကြား ခြင်းရှိသည်။
ထိုင်းအမျိုးသားသုံးပုံ တစ်ပုံမှာ အိမ်ထောင်ဖက်အမျိုးသမီး ကို အမျိုးသား ကပိုင်ဆိုင်ပြီး လင် ယောက်ျားနှင့်အိမ်ထောင့်တာဝန် များကို အမျိုးသမီးက လုပ်သင့်သည် ဟုယူဆကြောင်း၊ " ယောက်ျားကောင်း မှန်လျှင် မိန်းမလိုက် စားရမယ်၊ အ ရက်သောက်ရ မယ်" ဟု အမျိုးသား လေးဦးလျှင် တစ်ဦးမှာပြော ကားခဲ့ ကြောင်း စစ်တမ်းအရသိရသည်။
အမျိုးသားနှင့်အမျိုးသမီးတန်း တူအခွင့်အရေးရရှိစေရန် ယောက်ျား များ၏ စိတ်နေသဘောထားများနှင့် ယုံကြည်မှုများပြောင်းလဲ ရန် လိုအပ် ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ပညာရေးတွင် ကျား၊ မတန်းတူ ညီမျှရေးနှင့် အိမ်တွင်းအကြမ်းဖက် မှုတားဆီးရေး ပညာပေးသင်ရိုးညွှန်း တမ်းများထည့် သွင်း ပြဋ္ဌာန်းသင့် ကြောင်း ဝေဖန်ထောက်ပြပြောကြား ခဲ့သည်။
လာမည့် နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် နိုင်ငံတကာအမျိုးသ မီး အကြမ်း ဖက်မှုဆန့်ကျင်မှုဖယ်ရှား ရေးနေ့အတိုင်မီ ယင်းအစီရင်ခံစာ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အိမ် တွင်အကြမ်းဖက်မှုနှင့် အမျိုးသမီး များအပေါ် အကြမ်း ဖက်မှု ရပ်တန့် ရန်ရည်ရွယ်၍ အဆိုပါစစ် တမ်း ထုတ် ပြန်ခဲ့ခြင်းဖြစ် သည်။ ယခုနှစ်အတွက် "Man Can Do Stop Violence" ဆောင်ပုဒ်ဖြင့်လူ အများသတိပြုမိ စေရန် စည်းရှုံးလှုံ့ဆော်မည်ဟု သိ ရသည်။
Ref : Bangkok Post

No comments:

Post a Comment