Wednesday, November 23, 2016

၂၀၁၆ ခုနှစ်အတွက် ဥရောပအကောင်းဆုံးအသင်း ရွေးချယ်ရန် ဆန်ခါတင် (၄၀) ဦးစာရင်းကို ဥရောပဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ၂၀၁၆ ခုနှစ်အတွက် ဥရောပ အကောင်းဆုံးအသင်းရွေးချယ်ရန် ဆန်ခါတင် ကစားသမား (၄၀) ဦး စာရင်းကို တနင်္လာနေ့က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ဥရောပဘောလုံးအဖွဲ့ချုပ်သည် နှစ်အလိုက် အကောင်းဆုံးအသင်းကို (၁၆) ကြိမ်မြောက်အဖြစ် ရွေးချယ်မည်ဖြစ်ပြီး ၀က်ဘ်ဆိုက်မှ တစ်ဆင့် ပရိသတ်များ၏ မဲဆန္ဒကို စတင်လက်ခံနေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။ အကောင်းဆုံးအသင်း ရွေးချယ်မှုမှာ ပရိသတ်များ၏ မဲဆန္ဒအပေါ် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်ပြီး နေရာအလိုက် ဆန္ဒမဲအများဆုံး ရရှိသည့် ကစားသမား (၁၁) ဦးကို ဥရောပ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။


အဆိုပါ ဥရောပအကောင်းဆုံးအသင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ရွေးချယ်ခဲ့ပြီး (၁၅) နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ရွေးချယ်ခံရသည့် ကစားသမား အရေအတွက်မှာမူ (၇၄) ဦးသာ ရှိသေးကြောင်းလည်း သိရှိရသည်။ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ရွေးချယ်ခံရနေကျ ကစားသမားအများစုပင် စိုးမိုးထားနိုင်ခြင်းကြောင့်ဖြစ်ပြီး အကြိမ်အများဆုံး ရွေးချယ်ခံခဲ့ရသည့် ကစားသမားမှာ ကွင်းလယ်ကစားသမားအဖြစ် (၅) ကြိမ်၊ တိုက်စစ်မှူးအဖြစ် (၅) ကြိမ် စုစုပေါင်း (၁၀) ကြိမ် ရွေးချယ်ခံခဲ့ရသည့် ပေါ်တူဂီ လက်ရွေးစင်ကစားသမား စီရော်နယ်လ်ဒို ဖြစ်ကြောင်းလည်း သိရှိရသည်။ အာဂျင်တီးနား လက်ရွေးစင် မက်ဆီမှာမူ စုစုပေါင်းရွေးချယ်ခံရမှု (၇)ကြိမ်ဖြင့် စီရော်နယ်လ်ဒို၏နောက် ဒုတိယနေရာသာ ရရှိခဲ့သော်လည်း ယင်း (၇) ကြိမ်စလုံးကို တိုက်စစ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းကြောင့် ဥရောပအကောင်းဆုံး တိုက်စစ်မှူးနေရာအတွက် အကြိမ်အများဆုံး ရွေးချယ်ခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခု ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်လိုက်သည့် ဆန်ခါတင် (၄၀) ဦးစာရင်းတွင် ရီးယဲလ်အသင်းမှ ကစားသမား (၈) ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှ ကစားသမား(၁၂) ဦး ပါဝင်ခဲ့ကြောင်း သိရှိရသည်။ သို့သော် ပရီးမီးယားလိဂ် ကစားသမားများထဲတွင် အာဆင်နယ်မှ ဆန်းချက်ဇ်၊ ရမ်ဆေးနှင့် ကိုစီယဲလ်နီတို့ ပါဝင်ခဲ့သော်လည်း အိုဇေးလ် မပါဝင်ခဲ့သည့်အတွက် ဝေဖန်စရာဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။ ဆန်ခါတင် (၄၀) ဦးစာရင်းတွင် လာလီဂါမှ (၁၈) ဦး၊ ပရီးမီးယားလိဂ်မှ (၁၂)ဦး၊ ဘွန်ဒစ်လီဂါမှ (၅) ဦး၊ စီးရီးအေမှ (၃) ဦး၊ ပြင်သစ်လီဂူးနှင့် ပေါ်တူဂီလိဂ်တို့မှ (၁) ဦးစီ ပါဝင်ခဲ့ခြင်းဖြစ်သည်။

■ ဆန်ခါတင် (၄၀) ဦးစာရင်း

ဂိုး - နာဗတ်စ် (ရီးယဲလ်)၊ ဘူဖွန် (ဂျူဗင်တပ်စ်)၊ ပတ်ထရီစီယို (စပို့တင်းလစ္စဘွန်း)၊ အိုဘလက်ခ် (အက်သလက်တီကို)

နောက် - ပီကေး (ဘာစီလိုနာ)၊ ကင်မစ်ခ်ျ၊ ဘိုတန် (ဘိုင်ယန် မြူးနစ်)၊ အယ်လ်ဒါဝီရယ်လ် (စပါး)၊ ရာမို့စ်၊ ပီပီ၊ ကာဗာဟယ်လ်(ရီးယဲလ်)၊ ဂွါရဲရိုး (ဒေါ့မွန်)၊ ဘိုနူချီ(ဂျူ ဗင်တပ်စ်)၊ ကိုစီယဲလ်နီ(အာဆင်နယ်)၊ ဂိုဒင်၊ ဟွမ်ဖရန် (အက်သလက်တီကို)

လယ်- ပါယက် (၀က်စ်ဟမ်း)၊ ကာရက်စ်ကို (အက်သလက်တီကို)၊ ပေါ့ဘာ (မန်ယူ)၊ မာရက်ဇ် (လက်စတာ)၊ ဒီဘရိုင်း (မန်စီးတီး)၊ ဂျိုးအယ်လန် (စတုတ်)၊ မိုဒရစ်၊ တိုနီကရူးစ် (ရီးယဲလ်)၊ ရမ်ဆေး (အာဆင်နယ်)၊ အင်နီယေစတာ (ဘာစီလိုနာ)၊ ကွန်တေ (ချယ်လ်ဆီး)၊ ခရီဟိုယက် (PSG)

ရှေ့ - မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ (ဘာစီလိုနာ)၊ စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ် (ရီးယဲလ်)၊ လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)၊ အီဘရာဟီမိုဗစ် (မန်ယူ)၊ ဟီဂွါအင် (ဂျူဗင်တပ်စ်)၊ အူဘာမီယန်း (ဒေါ့မွန်)၊ ဆန်းချက်ဇ် (အာဆင်နယ်)၊ အဂွဲရိုး (မန်စီးတီး)၊ ဂရစ်ဇ်မန်း (အက်သလက်တီကို)

No comments:

Post a Comment