Tuesday, November 22, 2016

မူဆယ်မြို့တွင် နေ့လည် ၁၂ နာရီကျော်ပါက အပြင်မထွက်ရ ကောလာဟလများ ထွက်ပေါ်နေ

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မူဆယ်မြို့ပေါ်တွင် နေ့လည် ၁၂ နာရီကျော်ပါက အပြင်မထွက်ရဟု ကောလာဟလများထွက်ပေါ်နေကြောင်း မူဆယ်မြို့ခံများနှင့် အမည်မ ဖော်လိုသည့် ဌာနဆိုင်ရာ ၀န်ထမ်းအချို့က ပြောသည်။ " အခုကတော့ ၁၂ နာရီနောက်ပိုင်းကို ပစ်မယ် ခတ်မယ်ကြားနေတာနဲ့ ဘယ်သူမှအပြင်မထွက်တော့ဘူး " ဟု မူဆယ်မြို့အခြေစိုက် ကာယကံ ပရဟိတအသင်းမှ ဦးအောင်မျိုးက မဇ္စျိမသို့ ပြောသည်။ အစိုးရဘက်မှ တရားဝင် ၁၄၄ ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ တစ်ယောက်နှင့် တစ်ယောက်ပြောဆိုကြရင်း ကောလာဟလ ဖြစ်လာခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ နိုဝင်ဘာ ၂၁ ရက်နေ့ ည ၉နာရီခန့်က မူဆယ်မြို့မရဲစခန်းကို KIA နှင့် TNLA လက်နက်ကိုင် အဖွဲ့များမှ ၄၀ မမ ၁ လုံး၊ လက်နက်ငယ် ၇ ချက်ဖြင့် အဝေးမှ လာရောက် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။

“ ကိုယ့်ရဲ့အရေးကြီးစာရွက်စာတမ်းကိုယူ ပြီး သိမ်းထားလို့တော့ပြောတော့ ပြောနေပြီ ဌာနဆိုင်ရာတွေကလေ အဆင်တော့မပြေတော့ဘူး မြို့ထဲမှာလည်းမနေ့ကဖြစ်တာဆိုတော့လေ “ ဟု အမည်မဖော်လိုသည့် မူဆယ်မြို့ ခံ အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။
အဆိုပါ ကောလာဟလများကြောင့် မူဆယ်မြို့ပေါ်တွင် အပြင်ထွက်သွားလာသူ မရှိဘဲတိတ်ဆိတ်လျှက်ရှိ ကြောင်း သိရသည်။
စစ်ရေးအခြေနေ စိုးရိမ်နေသောကြောင့် မူဆယ်မြို့မှ ပြည်သူအချို့သည် တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့နေ သူများလည်းရှိနေကြောင်း မူဆယ်မြို့အခြေစိုက် ကာယကံပရဟိတအသင်းမှ သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစပြီး နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းထိ မူဆယ်မြို့ရှိစစ်ဘေးရှောင်စခန်းများတွင် လူဦး ရေ ၂၆၀၀ ခန့်ရှိနေပြီး ပြည်သူ ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာ ရထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သ တင်းထုတ် ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၀ ရက်မနက် ၃နာရီမှစတင်ကာ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၊ တအောင်း/ ပ လောင် လက်နက်ကိုင်အဖွဲ့ (TLNA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူအများအပြား ဒဏ်ရာရှိထားပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

No comments:

Post a Comment