Wednesday, November 23, 2016

မယ်တော်ဆေးခန်း ပုံမှန်လည်ပတ်ရန် အလှူငွေလိုအပ်နေ

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား အခမဲ့ဆေးကုသပေးနေသည့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတွင် ဆေးကုသမှုခံယူသူ ပုံမှန်အတိုင်း ရှိနေသော်လည်း ဘတ်ဂျက်လိုနေ၍ မယ်တော်ဆေးခန်း ပုံမှန်လည်ပတ်နိုင်ရန် ထောက်ပံ့ကြေး လိုအပ်နေကြောင်း မယ်တော်ဆေးခန်းမှ ဆရာစောနေဦးက ပြောကြား သည်။ ကရင်ပြည်နယ် မြဝတီမြို့ အနီးရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်း သည် ရွှေ့ပြောင်းမြန်မာအလုပ် သမားများ၊ အထောက်အထားမဲ့နေသည့် မြန်မာနိုင်ငံသားများ နှင့် မြန်မာ-ထိုင်း နယ်စပ်ဒေသ တွင် နေထိုင်သူများ၏ အားကိုး အားထားပြုရာ ဆေးခန်းတစ်ခု ဖြစ်ပြီး တစ်နေ့လျှင် ပျဉ်းမျှလူဦး ရေ ၃၀၀ ကျော် လာရောက်ကုသ လျက်ရှိကြောင်း သိရသည်။



‘‘တစ်ရက် တစ်ရက်ကို လူ နာဦးရေက ၃၀၀ နဲ့ ၄၀၀ ဝန်းကျင်မှာရှိတာ။ ရန်ပုံငွေက လက်ရှိ အခြေအနေမှာတော့ ပြီးခဲ့တဲ့ နှစ်လ သုံးလလောက်က ပြန်ဆန်း စစ်တဲ့အခါ ဒီနှစ် ၂၀၁၆ ဒီဇင်ဘာ အထိ ကျွန်တော်တို့ဆီမှာ ဘတ် ဂျက်လိုအပ်တဲ့ငွေက ရှိတဲ့အခါ ကျတော့ တချို့ဌာနတွေမှာ သုံးရ မယ့်ပစ္စည်းတွေ တချို့ကိုပြန်ပြီး တော့ လျှော့ချတာမျိုး လုပ်ရတာ ပေါ့’’ဟု ဆရာစောနေဦးက ပြော သည်။

ဆက်လက်၍ ၎င်းက‘‘မယ် တော်ဆေးခန်း ပုံမှန်လည်ပတ်နိုင် ဖို့ ထောက်ပံ့ကြေးတွေတော့ လို အပ်တယ်။ ထောက်ပံ့ကြေးဆို တာ လူနာတွေအတွက် ကျွန်တော်တို့ဆီမှာ လူနာနဲ့ လူနာစောင့်တွေကို တစ်ရက်ကို သုံးကြိမ်လောက် ကျွေးမွေးတာတွေ ပြုလုပ်တာကိုး’’ဟုဆိုသည်။

 မယ်တော်ဆေးခန်းသည် မြန်မာနိုင်ငံသားများအတွက် ရည် စူးပြီး တည်ထောင်ထားခြင်းဖြစ် ကြောင်း၊ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသို့ လာရောက်၍ ဝမ်း စာရှာဖွေနေကြသည့် မြန်မာနိုင်ငံ သား ဦးရေသည် လျော့မသွားဘဲ ပိုများလာနေစဲဖြစ်ကြောင်း ဆရာ စောနေဦးက ဆက်လက်ပြော ကြားသည်။

အဆိုပါဆေးခန်းသို့ ဆေး ဝါးကုသမှု လာရောက်ခံယူသူများ ထဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဒေသခံများသာ မကဘဲ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး စသည့် ဒေသများနှင့် အခြားဒေသများ၌ နေထိုင်သူများ လာရောက်ကုသမှု ခံယူကြောင်း၊ အထူးသဖြင့် မယ်တော်ဆေးခန်း က သုံးလတစ်ကြိမ် မျက်စိခွဲစိတ် ကုသရာတွင် လာရောက်မှုများ ပြားကြောင်း သတင်းရရှိသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များ တွင် ထိခိုက်ခံထားရသူများကို လည်း မယ်တော်ဆေးခန်းက ခြေတုတပ်ဆင်ခြင်းများ ဆောင်ရွက်ပေးခဲ့ရာ တစ်လလျှင် မိုင်းကြောင့် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသူ ပျမ်းမျှ ၂၀ ဦးကျော်အား ခြေတုတပ်ဆင်ပေးနေရကြောင်း အဆိုပါဆေးခန်းရှိ စာရင်းဇယားများအရ သိရသည်။

မယ်တော်ဆေးခန်းသို့ လာရောက်သူ ထက်ဝက်ကျော်သည် ပြည်တွင်းမှ လာရောက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးခန်း အနေဖြင့် နိုင်ငံတကာနှင့် အဖွဲ့အစည်းများ၏ အကူအညီရရှိမှု ယခင်ကထက် လျော့နည်းနေ ကြောင်း သိရသည်။

 ယခုအစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအချို့ မယ် တော်ဆေးခန်းသို့ သွားရောက် ကာ ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပြည်တွင်းသို့ ပြန်လာမည်ဆိုပါ က ဆေးရုံဆောက်လုပ်ပေးခြင်း ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ဟိုးအရင်တုန်းက ဦးအောင်မင်းတို့ လာပြောကြတာပေါ့နော်။ ပြည်တွင်းကိုပြန်လာဖို့ ပြောကြ တယ်။ ပြည်တွင်းကို ပြန်လာရင် ဘယ်လိုမျိုး ဝန်ဆောင်မှုတွေ လုပ်ပေးမယ်ဆိုတာ ပြောကြတယ်။ ဒါပေမဲ့ ဆရာမပြောလိုက်တာကတော့ ကျွန်မတို့က ထိုင်းနိုင်ငံမှာ ရှိတဲ့ ဗမာပြည်သား ရှိနေသရွေ့ ပြောင်းရွှေ့ဖို့ အခက်အခဲရှိတယ် ပေါ့။ ဘာဖြစ်လို့လဲဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ ဗမာပြည်သားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက လိုအပ်တယ်။ သူတို့တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့အတွက် ကျွန်မတို့က ဆက်ရှိနေရဦးမယ်။ အဲဒီလိုပြောတာပေါ့’’ဟု ဆရာစောနေဦးက ရှင်းပြ သည်။

 မယ်တော်ဆေးခန်းကို ၁၉၈၉ က ဒေါက်တာစင်သီယာ မောင် အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ရောက် ၈၈ မျိုးဆက် ကျောင်းသားများက စတင်တည်ခဲ့ခြင်းဖြစ်သည်။ အောင်ဇော်ထွန်း

No comments:

Post a Comment